AD
AD
AD
play

 

ရန်ကုန်လိုင်စင်ထုတ်ပေးထားတဲ့ တက္ကစီတွေ ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး စီးတီးတက္ကစီ မှတ်ပုံတင်ရတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

‘‘ဒီဇင်ဘာ နောက်ဆုံးပတ် လုပ်ရမယ်လို့ ပြောထားတယ်။ ဒါ ပြီးရင် စစ်ထုတ်ရမယ်။ နယ်လိုင် စင်တွေကို ညအိပ်ခွန်ကောက် တွေ ဘာတွေ ကောက်ရမယ်’’လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။ စီးတီးတက္ကစီအဖြစ် ပြောင်းလဲပြီးရင် နယ်လိုင်စင်တက္ကစီတွေ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတာတွေကို စိစစ်အရေးယူမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ စီးတီးတက္ကစီ အစီးရေ ခြောက်သောင်းကျော်ရှိပြီး ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တက္ကစီတွေကို ထိန်းချုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

play

 

‘‘နယ်တက္ကစီတွေက ပြေးဆွဲ ခွင့်မရှိတာ။ သူတို့ တိုင်းထဲမှာအတွက်ပဲ ထုတ်ပေးထားတာ။ သူ တို့ ရန်ကုန်မှာ လာပြေးဆွဲနေတာ ဥပဒေနဲ့ မညီဘူး။ ရန်ကုန်မှာ တက္ကစီများလွန်းနေတော့ တက္ကစီသမားတွေ ဒုက္ခရောက်နေတယ်’’လို့ Hello Cab တက္ကစီကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောပါတယ်။

 

ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်ထဲက နယ် နံပါတ်ကားတွေနဲ့ ညအိပ်ခွန် မဆောင်ထားတဲ့ ကားတွေ ညအိပ်ခွင့်မရှိဘဲ ညအိပ်ခွန် အဆောင်ထားတဲ့ ယာဉ်တွေကို အရေးယူမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။

Source & Photo : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD