AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ နိုဝင်ဘာ ၁၀ ရက်ကစကာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာပြီး နိုဝင်ဘာ ၁၂ ရက်အခြေအနေအရ အဆိုပါ လေဖိအားနည်းရပ်ဝန်းက အားအလွန်ကောင်းနေတယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။ 

‘‘မုန်တိုင်းငယ်ဖြစ်လာဖို့ရှိ တယ်။ ကမ်းရိုးတန်းဒေသတွေ လေနဲ့မိုး သတိပြုဖို့လိုတယ်’’လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

 

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့ မိုးရွာနိုင်ကာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာ ကျန်ဒေသတွေထက် မိုးကောင်းနိုင်ကြောင်း မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဆင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို နိုဝင်ဘာ ၁၅ ရက်လောက်မှာ ဝင် ရောက်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

Source : 7Day

Photos : DMH

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD