Local News: အာဆီယံအစည်းအဝေးထုတ်ပြန်ချက်မူကြမ်းမှာ ဘင်္ဂါလီကိစ္စချန်လှပ်ထားလို့ ရိုက်တာဖော်ပြ

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း မသုံးစွဲခဲ့ပါဘူး။

play
အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့သည့် ခေါင်းဆောင်များ။

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်မယ့် ထုတ်ပြန်ချက်မူကြမ်းတစ်စောင်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီပဋိပက္ခအကြောင်း မဖော်ပြထားဘူးလို့ သိရပါတယ်။

ရိုက်တာသတင်းဌာနက တွေ့မြင်ရတဲ့ ပြန်တမ်းရဲ့ အပိုဒ်တစ်ပိုဒ်မှာ ဗီယက်နမ်နိုင်ငံမှာ သဘာဝဘေး ဒဏ်ခံစားရသူတွေ၊ ဖိလစ်ပိုင်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့တိုက်ခိုက်ခဲ့တဲ့ မာရာဝီမြို့ တိုက်ပွဲဒဏ်ခံစားခဲ့ရသူတွေအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဒဏ်ခံစားရတဲ့ အသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အရေးကြီးပုံကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ယူနေတဲ့ ဖိလစ်ပိုင်နိုင်ငံက ရေးဆွဲထားပြီး ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေအသေးစိတ်ကို ဖော်ပြထားတာမရှိသလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း မသုံးစွဲခဲ့ပါဘူး။

play

 

ရိုဟင်ဂျာဆိုတဲပ အသုံးအနှုန်းကို မသုံးစွဲဖို့ မြန်မာနိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပခေါင်းဆောင်တွေထံ မေတ္တာရပ်ခံထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မိမိတို့အစိုးရက အကောင်အထည် ဖော်နေကြောင်း အခြားအာဆီယံခေါင်းဆောင်တွေကို အခိုင်အမာပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းတွေကို ARSA အကြမ်းဖက်သမားတွေက အင်အားသုံးကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် မြန်မာ့ တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများဆောင်ရွက်ခဲ့ပြီးနောက် ဘင်္ဂါလီခြောက်သိန်းကျော်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

Source : 7Day

Photos : AP, DSO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ