Local News: ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို နိုင်ငံရေးပါတီ ၂၇ ခုကန့်ကွက်

နိုင်ငံရေးနဲ့ရောယှက်တယ်ဆိုပြီး ကန့်ကွက်ခဲ့တာပါ။

play
အောက်တိုဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲမြင်ကွင်း။

 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲ အခမ်းအနားတွေမှာ နိုင်ငံရေး ပရိယာယ်တွေ ထည့်သွင်းဆောင်ရွက်တာကို ကန့်ကွက်တဲ့အကြောင်း ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေး ပါတီ ၂၇ ပါတီက နိုဝင်ဘာ ၁၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ လူစုလူဝေးပွဲတွေ ပြုလုပ်တာလို့ ယူဆရခြင်း၊ ပါတီခေါင်းဆောင်ရဲ့ ပုံရိပ်ကို မြှင့်တင်ထောက်ခံမှုတွေ ရရှိစေမယ့် နိုင်ငံရေးစုဝေးပွဲ (သို့မဟုတ်) ဆုတောင်းပွဲများသာ ဖြစ်တယ်လို့ မှတ်ယူဖွယ်ရာ ရှိနေတာကြောင့် နိုင်ငံရေးကိစ္စအတွက် ဘာသာ၊ သာသနာကို အလွဲသုံး စားပြုရာ ရောက်တယ်လို့ ကောက်ယူသုံးသပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေတွေနဲ့အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရေးယူပေးဖို့ တာဝန်ရှိကြောင်းနဲ့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အဆင့်ဆင့်မှာ မေးခွန်းနဲ့အဆို တင်သွင်းမေးမြန်းတာတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

play

 

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေက ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ကျရောက်နေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့ ရည် ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အောက်တိုဘာလထဲမှာ 7Day Daily သတင်းစာကို ပြောကြားထားပါတယ်။

 

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဆောင်ရွက်ချက်တွေရှိနေလို့ အစိုးရက ထိန်းသိမ်းဆောင်ရွက်ပေးရမယ့် အရေးကြီး အဆိုတစ်ရပ်ကို ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက အောက်တိုဘာ ၂၆ ရက်မှာ တင်သွင်းခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ