Local News: အစိုးရသစ်လက်ထက်မှာ ပထမဆုံးကျင်းပမယ့် စာပေညီလာခံ ၂၀၁၇

ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၅ နေ့အထိ ကျင်းပသွားမှာပါ။

play
စာပေညီလာခံကော်မတီ အတွင်းရေးမှူး  ဦးမျိုးမြင့်ညိမ်း။

 

မြန်မာနိုင်ငံမှာရှိတဲ့ စာပေနဲ့အနုပညာအဖွဲ့ ၁၁ ဖွဲ့က စုစည်းကျင်းပမယ့် စာပေညီလာခံ ၂၀၁၇ ကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၅ နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံးကျင်းပတာဖြစ်တဲ့ စာပေညီလာခံ ၂၁၀၇ ကို အစီအစဉ်ပေါင်းများစွာနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့မှာ စာအုပ်ဈေးရောင်းပွဲတော်၊ ဖျော်ဖြေရေးနဲ့ စာပေဟောပြောပွဲတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"စာပေညီလာခံမှာ အစုအဖွဲ့လိုက်လေးတွေ စုပြီးဆွေးနွေးမယ်။ ရလာဒ်တွေကို ညီလာခံတင် သွင်းမယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့ကို တင်သွင်းမယ်။ လက်ရှိ ကြုံနေရတဲ့အခက်အခဲတွေကို စာရေးဆရာတွေကိုယ်တိုင်က ဆွေးနွေးမှာဖြစ်ပါတယ်"လို့ စာပေညီလာခံကော်မတီ အတွင်းရေးမှူး  ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။

play

 

စာအုပ်ဈေးရောင်းပွဲတော်ကို မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ခင်းကျင်းရောင်းချသွားမှာဖြစ်ကာ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ စာပေဟောပြောပွဲအစီအစဉ်တွေကို ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိကျင်းပသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် စာပေညီလာခံ ၂၀၁၇ ရဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အထိ ရန်ကုန်မြို့ MCC ခန်းမမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

စာပေညီလာခံကို စာပေအနုပညာရှင်တွေနဲ့အတူ ဘယ်သူမဆို ပါဝင်တက်ရောက် ဆွေးနွေးနိုင်ပြီး ညီလာခံသို့ တက်ရောက်လိုသူတွေအနေနဲ့ စာပေညီလာခံ ကျင်းပရေးကော်မတီကို ဆက်သွယ်စာရင်းပေး မှတ်ပုံတင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ