play

 

ရခိုင်ဒေသက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ( မူရင်းအတိုင်းရေးသားထားသည့်အတိုင်းဖော်ပြထားပါသည်) လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းအပေါ် ယုံကြည်ရလောက်တဲ့ စုံစမ်းမှုတွေပြုလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရစ်တေလာဆင်က တောင်းဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့နေ့လည်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံတို့နဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာ ကန်နိုင်ငံခြားရေးဝန်ကြီးက အခုလိုတောင်းဆိုလိုက်တာပါ။

Postby

 

"အကြမ်းဖက်မှု ဖြစ်စဉ်တွေဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက်နှိပ်ကွပ်မှုတွေလုပ်နေတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာနဲ့ ပတ်သတ်ပြီးအရမ်းစိုးရိမ်မိပါတယ်"လို့ ရစ်တေလာဆင်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်က ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့အခြေနေမှန်တွေနဲ့ မွတ်စလင်တွေဘာ့ကြောင့် အစုလိုက်အပြုံလိုက်ပြောင်းရွှေ့ခဲ့ရတဲ့အကြောင်းအပါအ၀င် ရခိုင်အရေးကို အစိုးရနဲ့ပူးပေါင်းဆောင်နေတဲ့အကြောင်းတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ရစ်တေလာဆင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Source : CNA

Photo : MOFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video