play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကျူးကျော်နေအိမ်တွေ ဆောက်လုပ်မှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေက ခွင့်ပြုနေရင် တာဝန်ကနေ ရပ်စဲတဲ့အထိ အရေးယူသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က မြို့နယ်၊ ရပ်ကွက်တွေမှာ အခိုင်အမာကျူးကျော်နေတာတွေ ခွင့်ပြုထားတာကို အရေးယူဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီးက အခုလိုထည့် သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ထပ်မံကျူးကျော်နေတဲ့ တဲတွေကို တစ်တဲထိုး တစ်တဲရှင်းစနစ်နဲ့ ဆောင်ရွက်နေပြီး ပုဂ္ဂလိက မြေပေါ်မှာ ကျူးကျော်ရင် မြေပိုင်ရှင်တွေက လည်းကောင်း၊ အစိုးရဌာနပိုင်မြေဖြစ်ရင် သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေထုပ်ထုံးလုပ်နည်းတွေနဲ့ တရားစွဲဆိုသွားမယ်လို့ ပြည်ထဲရေးဒုဝန်ကြီးက ပြောပါတယ်။

play

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က သူ့ရဲ့မြို့နယ်အတွင်း အဆောက်အအုံအခိုင်အမာ ဆောက်လုပ်ပြီး ကျူးကျော်နေသူတွေနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်တာ မရှိကြောင်း လွှတ်တော်မှာ ပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ၃၇ မြို့နယ်မှာ ကျူးကျော်စာရင်းတွေကောက်ယူပြီး စလစ်ထုတ်ပေးတာကို ၂၀၁၆ နှစ်လယ်မှာ စတင်ခဲ့ပြီး ၂၀၁၇ ဇူလိုင် ၁၀ ရက်မှာ ပြီးဆုံးခဲ့တယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်မှာ ပြောပါတယ်။

ကောက်ယူထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းထဲမှာ ကျူးကျော် အိမ်ထောင်စု တစ်သိန်းတစ် သောင်းငါးထောင်ကျော်ရှိပြီး လူ ဦးရေ လေးသိန်းခုနစ်ထောင် ကျော်ရှိတယ်လို့ သိရပါတယ်။

Source : 7Day

Photos : 7Day,

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video