AD
AD
AD
play


ရန်ကုန်တိုင်းထဲက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့က အထည်ချုပ်အလုပ်သမတွေက တရုတ်နိုင်ငံကို အများဆုံး လူကုန်ကူးခံနေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါမြို့နယ်တွေမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေက အမျိုးသမီးတွေက တရုတ်မယားအဖြစ် လူကုန်ကူးမှု အများဆုံးခံနေရသလို ပြီးခဲ့တဲ့နှစ်ထက် ရန်ကုန်တိုင်းဒေသကြီးမှာ လူကုန်ကူးမှုတွေ ပိုမိုမြင့် တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၆) လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူးဝေလွင်က ပြောပါတယ်။

play

 

"လှိုင်သာယာဘက်မှာ အနယ် နယ်အရပ်ရပ်ကလူတွေက စက်ရုံ တွေ၊ အထည်ချုပ်တွေမှာ လုပ်ကြ တယ်။ ပြောရရင် လုပ်ခလစာနည်း တာတွေ့ရတယ်။ အဲ့လိုအခြေအနေတွေကို လူပွဲစားတွေက အသုံးချပြီး စည်းရုံးကြတယ်။ ဒီမှာလည်း အထည်ချုပ်ပဲ။ ဟိုမှာလည်းအထည် ချုပ်ပဲ။ လစာပိုရမယ်ဆိုတော့သွား ကြတယ်။ ဟိုရောက်မှ တရုတ်မယားအဖြစ် ရောင်းစားခံရတယ်။ အဲ့လိုတွေပေါ့။ ဒီလိုအခြေအနေ တွေကြောင့် အဖြစ်များတာလည်း ပါပါတယ်"လို့ ဒုရဲမှူးဝေလွင်က ပြောပါတယ်။

 

တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ မိန်းကလေးအများစုက အသက် ၂၀ ကနေ ၃၀အကြားဖြစ်ပြီး အသက် ၂၀ အောက်ငယ် ရွယ်သူတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၇ ခုနှစ် ၁၁ လတာအတွင်း လူကုန်ကူးမှု ၅၃ မှုဖြစ်ပွားခဲ့တဲ့အထဲက တရုတ်နိုင်ငံကို လိမ်လည်ရောင်းစားခံရမှုက  ပထမအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

Source : Democracy Today

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD