AD
AD
AD
play

 

လှိုင်သီရိအိမ်ရာမှာ တွေ့ရှိခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်ခဲ့တဲ့တရားခံက အသတ်ခံရသူဖြစ်တဲ့ ဆိုင်မန်နေဂျာ မကေသီလှိုင်ဆီမှာ လစာတိုးတောင်းရင်း စကားများကနေ လူသတ်မှုကျူးလွန်ခဲ့တာကို ၀န်ခံခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထုတ်ပြန်ချုက်တွေအရ သိရပါတယ်။

ဒီဖြစ်စဉ်မှာ သေဆုံးသူတစ်ဦးဖြစ်တဲ့ စားသောက်ဆိုင်မန်နေဂျာ မကေသီလှိုင်နေထိုင်ရာ တိုက်ခန်းကို ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ ဇွဲလင်းထက်ရောက်ရှိလာပြီး လစာတိုးပေးဖို့ပြောတာကနေ တစ်ယောက်တစ်ခွန်းစကားများပြီး အခုလိုလူသတ်မှုဖြစ်ပွားခဲ့တာပါ။

play

 

အသတ်ခံရသူသုံးဦးအနက် အိမ်ရှင်ဖြစ်သူ မကေသီလှိုင်အလုပ်လုပ်ရာ စားသောက်ဆိုင်က ဝန်ထမ်းအမျိုးသား ကိုဇွဲလင်းထက်ဆိုသူကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လှိုင်သီရိအိမ်ယာမှာနေထိုင်တဲ့ မကေသီလှိုင်နဲ့ ၉ နှစ်အရွယ် သမီးငယ်၊ အိမ်မှာအတူနေအလုပ်သမားအမျိုးသမီးတို့ သုံးဦး နိုဝင်ဘာ ၉ ရက်က အသတ်ခံရတာဖြစ်ပြီး တိုက်ခန်းမှာ အပုပ်နံ့တွေ ထွက်ပေါ်လာတာကနေတစ်ဆင့် ပတ်ဝန်းကျင်ကလူတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားတာကနေ သေဆုံးသူတွေကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Yangon Police

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD