play

 

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားဖို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က တိုက်တွန်းပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကိုဖီအာနန်က နိုဝင်ဘာ ၆ ရက်မှာ ဗာတီကန်နန်းတော်ကို သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံကာ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို  မသွားခင် သူ့ရဲ့ရခိုင်ဒေသရေးရာ အစီရင်ခံစာကို ဖတ်ရှုနိုင်ဖို့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

‘ရိုဟင်ဂျာ’ဆိုတဲ့ အသုံးအနှုန်းက ထိရှလွယ်ကြောင်းနဲ့ သူ့ရဲ့စာမျက်နှာ ၆၃ မျက်နှာပါ ရခိုင်ပြည်နယ်အရေးအစီရင်ခံစာမှာ လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တစ်ခါမှာအသုံးမပြုခဲ့ဘဲ ရခိုင်ပြည်နယ်က မွတ်စလင်တွေလို့ပဲ သုံးနှုန်းခဲ့တယ်လို့ ကိုဖီအာနန်က ပုပ်ရဟန်းမင်းကြီးကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play

 

မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကနိုဝင်ဘာ ၂၇ ရက်ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံကို လေးရက်ကြာ လာရောက်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်များ၊ သံတမန်အသိုင်းအ၀ိုင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ကာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာလည်း ရိုမန်ကက်သလစ်ဘာသာ ၀င်တွေကို တရားဟောကြားမှာ ဖြစ်ပါတယ်။

ရိုမန်ကက်သလစ် အသင်းတော်ရဲ့ ၂၆၆ ပါးမြောက်ပုပ် ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်မယ့် ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။

Source : 7Day

Photos : Catholic News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video