play

 

ရန်ကုန်တိုင်းထဲမှာ လျှပ်စစ်မီးပြတ်တောက်မှုလျော့ နည်းဖို့နဲ့ ဗို့အားအပြည့်ရရေးအတွက် ဓာတ်အားလိုင်းတွေ ပြုပြင်မှာဖြစ်လို့ မြို့နယ်ကိုးခုမှာ နိုဝင်ဘာ ၁၇ ရက်ကနေ ၂၀ ရက် အထိ လျှပ်စစ်မီးပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

နိုဝင်ဘာ ၁၇ ရက် မနက် ၆ နာရီကနေ နိုဝင်ဘာ ၂၀ ရက် ည ၁၂ နာရီအထိ လျှပ်စစ်မီးပြတ် တောက်မယ်လို့ အဆိုပါ ကော်ပိုရေးရှင်းက ကြေညာထားပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မယ့် မြို့နယ်တွေက သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့ ပါဝင်ပြီးအဆိုပါ မြို့နယ်ကိုးခုမှာ ရပ်ကွက်တချို့မှာ လေးရက်အတွင်း လျှပ်စစ်မီး ယာယီပြတ်တောက်မယ်လို့ ဆိုပါတယ်။

play

 

၃၀ ကေဗီ သီလ၀ါဓာတ်အားခွဲရုံကို ၂၃၀ ကေဗီ ကမာနက်-သန်လျင် ဓာတ်အားလိုင်းက တစ်ဆင့် ဓာတ်အားပို့လွှတ်ဖို့ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ၂၃၀ ကေဗီ သန်လျင်ပင်မဓာတ်အားခွဲရုံရဲ့ Gantry နဲ့ တာဝါတိုင်အမှတ်(၉)ကြား ကြိုးဆွဲတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဓာတ်အားပိတ် ဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

 

အဆိုပါလုပ်ငန်းတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးနဲ့ ဗို့အားပြည့်ဝစွာရရှိ ရေး မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : reuters,mbt

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video