AD
AD
AD
play

 

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား စစ်ရေးလေးကျင့်မှု (IMBAX – 2017) ကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ (နိုဝင်ဘာလ ၂၀ ရက်) ကနေ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ မီဂါလာယာပြည်နယ် အမ်ရွိုင်းဒေသမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်း (UNPKO) စဉ်တွေမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်အနေနဲ့ ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဆောင်ရွက်တာလို့ အိန္ဒိယအခြေစိုက် The Economic Times အင်တာနက် စာမျက်နှာက နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ရေးသားထားပါတယ်။

"UN ရဲ့ခေါင်းစဉ်အောက်မှာ ပူးတွဲ စစ်ဆင်ရေးလုပ်တယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်လည်းပါလေ။ ဘာလို့ မပါတာလဲ။ ဘင်္ဂလားဒေ့ရှ်ပါရင် ပိုပြီးပြည့်စုံနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်က သဘောရိုးရင်သူလည်း ပါသင့်တယ်။ ဒါမှ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ သူပုန်လက်မခံကြေးတို့ ပါလာမယ်။ အဲလိုဆိုရင် အိမ်နီးချင်းကောင်းပီသမယ်။ အခုအိန္ဒိယနဲ့ မြန်မာကသဘောရိုးနဲ့ ဆက်ဆံတယ်လို့မြင်တယ်။ အခု ပူးတွဲစစ်ဆင်ရေးမှာ ထူးခြားမှုက ARSA တို့၊ AA တို့ အနေကျုံ့သွားမယ်။ သူတို့ (အိန္ဒိယ) နယ်မြေကို ဖြတ်သန်းခွင့်ရမှာ မဟုတ်ဘူး"လို့ စစ်ရေးကျွမ်းကျင်သူ တပ်မတော် အဆင့်မြင့်အရာရှိဟောင်းတဦးက ပြောပါတယ်။

 

နှစ်နိုင်ငံကြားပူးတွဲ စစ်ဆင်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်မှ အရာရှိ ၁၅ ဦးနဲ့ အိန္ဒိယစစ်တပ်မှ အရာရှိ ၁၆ ဦး ပါဝင်မှာဖြစ်ကာခြောက်ရက်တာ လေ့ကျင့်မှာ ဖြစ်ပါတယ်။

အိန္ဒိယစစ်တပ်က ကုလသမဂ္ဂ ငြိမ်းချမ်ရေး ထိန်းသိမ်းမှု လုပ်ငန်းတွေပါဝင်ထမ်းဆောင်မှုတွေမှာ အတွေ့အကြုံ ကြွယ်ဝပြီး IMBAX 2017 လေ့ကျင့်မှုကာလအတွင်း မြန်မာစစ်တပ်မှ ပူးပေါင်း ပါဝင်မယ့် အရာရှိတွေကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေရဲ့ လိုအပ်တဲ့ လုပ်ငန်းစဉ်၊ နည်းဗျူဟာ၊ ကျွမ်းကျင်မှုနဲ့ နည်းစနစ်ပိုင်း အသိပညာတွေကို အဓိကထားလေ့ကျင့်ပေးသွားမယ်လို့ ဂူဝါဟာတီပြည်နယ် ပြည်သူ့ဆက်ဆံရေးအရာရှိ (ကာကွယ်ရေး) Mr.Suneet Newton က The Economic Times ကို ပြောခဲ့ပါတယ်။

Source : The Voice

Photos : The Economic Times

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD