AD
AD
AD
play

 

NLD အစိုးရအဖွဲ့မှာ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနသစ်နှစ်ခုကို ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ဒီလိုတိုးချဲ့ဖွဲ့စည်းရာမှာ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ်နဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ် ပြန်လည် ဖွဲ့စည်းမှာ ဖြစ်လို့ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တပ်မတော်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးနဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ပေးအပ်မယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

play

 

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ နိုင်ငံတော်သမ္မတကနေ ပေးပို့ထားတဲ့ ၀န်ကြီးဌာနနှစ်ခုတိုးချဲ့ ဖွဲ့စည်းတဲ့ ကိစ္စရပ်အပေါ် ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တင်သွင်းထားတဲ့ အမည်စာရင်းတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နိုဝင်ဘာ ၂၂ ရက်မှာကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်းပေးရမှာဖြစ်ကာ နိုဝင်ဘာ ၂၃ ရက်မှာ အတည်ပြုမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : State Counsellor Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD