AD
AD
AD
play

 

ကျိုက်ထီးရိုးတောင်ပေါ်မှာ ပြေးဆွဲမယ့် ကျိုက်ထီးရိုး ကေဘယ်လ် ရထားစီမံကိန်းက ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ဒီဇင်ဘာ ဒုတိယပတ်မှာ စ တင် ပြေးဆွဲဖို့စီစဉ်နေပြီး ကေဘယ်ကားစီးနင်းခ တစ်ဦးကို  ကနဦးအဖြစ် ကျပ် ၃၀ဝ၀ သတ်မှတ်ထားတယ်လို့ Sky Asia Co.,Ltd. ကနေ သိရပါတယ်။

အဆိုပါကေဘယ်ကားစီးနင်းခကို ပြည်တွင်းခရီးသည် ၃၀ဝ၀ ကျပ်၊ ပြည်ပခရီးသွားတွေအတွက် တစ်ဦးကို အမေရိကန် ငါးဒေါ်လာ ကနဦး သတ်မှတ်ထားပြီး အာမခံလုပ်ငန်းတွေ ဆောင်ရွက်နေပြီးစီးသွားရင် စီးနှင်းခ အတိအကျကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ စီမံကိန်းအထူး အကြံပေး ဦးမျိုးဝေက ပြောပါတယ်။

play

 

“နိုဝင်ဘာတစ်လလုံးကို စမ်းသပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်။ ပထမက အလွတ် ပြေးဆွဲတယ်။ နောက်တော့ လူရှစ်ယောက်ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ သဲအိတ်တွေနဲ့ စမ်း သပ် မောင်းနှင်တယ်။ တတိယအဆင့်က ကုမ္ပဏီကလူတွေနဲ့ ကိုရီးယားနဲ့ ပြင်သစ်ပညာရှင်တွေ ကိုယ်တိုင် စမ်းသပ်မောင်းနှင်တာတွေကို ဒီတစ်လလုံး လုပ်နေပါတယ်”လို့ ဦးမျိုးဝေက ပြောပါတယ်။

ကျိုက်ထီးရိုးကေဘယ်လ် ကောင်းကင်ရထား စီမံကိန်းကို ရသေ့တောင် တောင်ခြေကနေ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အထိ အရှည်ပေ ၂၉၀ဝ ခန့်ကို ရထားတွဲ ၄၃ တွဲနဲ့ ပြေးဆွဲသွားမှာဖြစ်ကာ တစ်တွဲကို လူရှစ်ယောက်လိုက်ပါနိုင်မှာဖြစ်ပြီး စီးနင်းချိန် ၁၀ မိနစ်ခန့် ကြာမယ်လို့ သိရပါတယ်။

 

အခုပြေးဆွဲမယ့် ကေဘယ်ကားစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၂၀ အကုန်ကျခံပြီး ဆောက်လုပ်ထားတာဖြစ်ကာ Sky Asia Co.,Ltd.က သစ်တောဦးစီးဌာနကနေ မြေဧက ၁၅ ဧကနီးပါးကို နှစ် ၅၀ စာချုပ် ချုပ်ဆိုကာ ငှားရမ်းပြီး ဆောင်ရွက်နေတာလို့ ပြည်နယ်အစိုးရအဖွဲ့နေ သိရပါတယ်။

Source : The Voice

Photos : Sky Asia

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD