play

 

အဝေးပြေးဝင်းထဲမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေကို ကြပ်မတ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး အငှားယာဉ်တွေ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးဝင်းနဲ့ ဒဂုံဧရာအဝေးပြေးဝင်းမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေကို စနစ်တကျ ကြပ်မတ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီ(YTRA) အဖွဲ့က အငှားယာဉ်တွေ ကြီးကြပ်မှုကော်မတီ သီးခြားဖွဲ့စည်းကာ စိစစ်သွားမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ် သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် သင်္ဃန်းကျွန်း အမှတ်(၁) လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်ရဲ့‘အောင် မင်္ဂလာအဝေးပြေးဝင်း၊ မင်္ဂလာဒုံလေယာဉ်ကွင်းနှင့် ဒဂုံဧရာအဝေး ပြေးဝင်းတို့၌ ပြေးဆွဲနေသော အ ငှားယာဉ်များအား စနစ်တကျ ဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ၊ မရှိ’ သိရှိလို ကြောင်း မေးခွန်းမေးမြန်းမှုအပေါ် အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုပါ ကားဝင်းတွေမှာ ခရီးသည်တွေကို အလုအယက်ခေါ်ခြင်း၊ ခရီးသည်ပိုတင်ခြင်း၊ ဈေးပိုတောင်းခြင်းစတဲ့ စည်းမဲ့၊ ကမ်းမဲ့ စနစ်တကျမဟုတ်တဲ့ အခြေအနေတွေ ကြုံတွေ့ရတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

 

လက်ရှိအချိန်မှာ အဆိုပါကားဝင်းတွေကို ခရီးသွားဖို့လာတဲ့သူတွေကို လူခေါ်ပွဲစားတွေနဲ့ ခေါ်တာတွေ၊ ဝင်းထဲက ပြန်လည်ထွက်ခွာမယ့် ခရီးသည်တွေကို  အပြိုင်အဆိုင် လုယက်ခေါ်ယူတဲ့ လူခေါ်ပွဲစားတွေကို စည်ပင်ရဲ၊ နယ်မြေရဲ၊ စခန်းလုံခြုံရေး တာဝန်ကျ အမှတ်(၁၅) လုံခြုံရေး ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့တွေနဲ့ ရှင်းလင်းခြင်း၊ ပညာပေးခြင်းများ ပြုလုပ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။

လိုက်နာမှုမရှိတဲ့ လူခေါ်ပွဲစားတွေကို ဒဏ်ကြေးတပ်ရိုက်ခြင်း၊ ဒဏ်ကြေး မဆောင်သူတွေကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းကို ပို့ဆောင်ပြီး  ဆက်လက်အရေးယူမှုတွေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video