AD
AD
AD
play

 

နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ လူဝတ်လဲပြီး ဖမ်းဆီးခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကိုငြိမ်းစုစီ ပုဒ်မ ၁၉ အရ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ( နိုဝင်ဘာလ ၂၁ ) မှာ ထောင်ဒဏ်တစ်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဦးပါမောက္ခက ၂၀၁၆ ဧပြီမှာ ရိုဟင်ဂျာဟု စကားလုံးသုံး နှုန်းခဲ့တဲ့ အမေရိကန်သံရုံးကို အမျိုးသားရေးလှုပ်ရှားသူတွေနဲ့အတူ သံရုံးရှေ့မှာ ဆန္ဒထုတ် ဖော်ခဲ့လို့ ဦးဆောင်သူ အမျိုးသားလေးဦးနဲ့ ရဟန်းသုံးပါးကို အာဏာပိုင်တွေက ၂၀၁၆ မေလမှာ ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုရာ ဦးပါမောက္ခနဲ့ ရဟန်းသုံးပါး လာရောက်အဖမ်းမခံသလို့ တရားခံပြေးအဖြစ် ၀ရမ်းထုတ်ခဲ့ရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က မြောက်ဒဂုံမြို့ နယ်ရဲစခန်းမှာ မြေယာကိစ္စဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းခံတဲ့ ဦးပါမောက္ခကို ၀ရမ်းဟောင်းနဲ့ မြောက်ဒဂုံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ တိုင်းသံဃနာယကမှာ လူဝတ်လဲပြီး ကမာရွတ်မြို့နယ် တရားရုံးမှာ နေ့တွင်းချင်းရမန် ယူခဲ့တာပါ။

လက်ရှိမှာ ငြိမ်းစုစီပုဒ်မ ၁၉ အရ အပြစ်ရှိတယ်လို့ ဦးပါမောက္ခက ဝန်ခံခဲ့လို့ ရုံးတော်ကထောင်ဒဏ်တစ်လ ချမှတ်လိုက်တာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) အတွက် ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Source & Photo : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD