AD
AD
AD
play

 

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ရတာတွေက အလွန်အားတက်စရာ ကောင်းတယ်လို့ ဥရောပသမဂ္ဂပြည်ပ မူဝါဒအကြီးအကဲ ဖက်ဒရီကာမိုဟီရီနီက ပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေ ပြန်လည်လွှဲပြောင်းရေးအတွက် လုပ်ဆောင်နေတဲ့ ခြေလှမ်းတွေကို လက်ခံကြိုဆိုခဲ့တယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေလည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ မိုဟီရီနီက နိုဝင်ဘာ ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံဆွေးနွေးရာမှာ အပြုသဘော ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

 

‘‘တွေ့ဆုံဆွေးနွေးမှုတွေက တော်တော်အားရစရာကောင်း တယ်ဆိုတာ ကျွန်မတွေ့ခဲ့ပါတယ်’’လို့ မိုဟီရီနီက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အီးယူက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေရှိနေတဲ့အပြင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ထောက်ခံမယ်လို့လည်း အီးယူ အထူးကိုယ်စားလှယ်က ပြောပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD