AD
AD
AD
play
လှည်းဆိပ်ကျေးရွာက ခရစ်တော်၏တပည့်တော်များမိတ်သဟာယအဖွဲ့ကို တည်ရှိရာခြံဝန်း။

 

ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာမှာ တည်ထောင်ထားတဲ့ ခရစ်တော်၏တပည့်တော်များမိတ်သဟာယအဖွဲ့ကို အရေးယူဖို့ ဆောင်ရွက်နေပြီး လူစုလူဝေးမပြုလုပ်ဖို့နဲ့ အဖွဲ့ဝင်လူငယ်တွေကို နေရပ်ပြန်ပို့ကာ လူစုခွဲဖို့ ညွှန်ကြားထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရက ကနေ သိရပါတယ်။

‘‘ဒီအ ဖွဲ့ဧရာဝတီတိုင်းဒေသကြီးမှာ လှုပ်ရှားနေတာ ၂ နှစ်နီးပါးရှိပြီ။ သူတို့ပြောခဲ့ဆိုခဲ့၊ လုပ်ခဲ့တာတွေ အားလုံး မှတ်တမ်းတွေပြန်ယူပြီးတော့ တိုင်းဒေသကြီးဥပဒေချုပ်ဆီ စုဆောင်းပေးပြီးဥပဒေနဲ့အညီ ဘယ်လိုအရေးယူရမယ်ဆိုတာ ဥပဒေအကြံပေးဖို့၊ လူစုလူဝေးနဲ့ စုထားတဲ့ ကလေးတွေကို ဘယ်အုပ်ချုပ်ရေးအဖွဲ့အစည်းကမှ ခွင့်ပြုထားခြင်းမရှိတဲ့အတွက် တရားမ၀င်စုဝေးခြင်းနှင့် တရားမ၀င် ဟောပြောခြင်းတွေ မလုပ်ဖို့၊ လူစုခွဲဖို့ ညွှန်ကြားထားပါတယ်’’လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောကြားထားပါတယ်။

 

အဆိုပါအဖွဲ့က ကျုံပျော် မြို့နယ် လှည်းဆိပ်ရွာမှာရှိသလို ကျုံပျော်မြို့နယ်ထဲက အထောင်မြို့၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နဲ့ ကျောင်းကုန်းမြို့နယ် ထန်းကုန်းကျေးရွာတို့မှာလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ခရစ်ယာန်ဘာသာကိုးကွယ်တယ်လို့ အဖွဲ့ဦးဆောင်သူတွေက ပြောထားတဲ့အဆိုပါအဖွဲ့ကို ခရစ်ယာန်သာသနာရေးတာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ကောင်စီ၊ မြို့ပြကျေးလက်သာသနာဌာန(ကျုံပျော်) ကော်မတီဝင် မန်းထောင်းစိန်က အဖွဲ့ခေါင်းဆောင် မန်းကျော်စိုး အပါအ၀င် ဦးဆောင်သူခြောက်ဦးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ ကျုံပျော်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာ တစ်နှစ်ကျော် ပြီဖြစ်တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD