AD
AD
AD
play

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ)များအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျုးလွန်ခဲ့တယ်လို့ အမေရိကန် အစိုးရက နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပြီး အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံနယ်နိမိတ်ထဲက လူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားရမယ်လို့ ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ အချက်အလက်တွေအရ ethnic cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျုးလွန်ခဲ့တာ ထင်ရှားနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တီလာဆန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

play

 

တပ်မတော်၊ လုံခြုံရေးတပ် ဖွဲ့တွေနဲ့ ဒေသခံတချို့ရဲ့ ဥပဒေ ချိုးဖောက်မှုတချို့ကြောင့် လူထောင်ပေါင်းများစွာက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ရပြီး ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာ)တွေအပေါ် မျိုးနွယ်စု ရှင်းလင်းမှုကို ဖော်ပြနေတယ်လို့ ရက်စ်တီလာဆန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်သူတချို့ကို တာဝန်ခံခိုင်းရမှာဖြစ်ကာ တာဝန်ခံခိုင်းဖို့ လုပ်ငန်းတွေကို အကူအညီပေးဖို့ မြေပြင်က အချက်အလက်တွေအားလုံးကို ထပ်မံဆုံးဖြတ်နိုင်ဖို့ ယုံကြည်စိတ်ချရပြီး အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အမေရိကန်က ဆက်လက် ထောက်ခံမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ှSource : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD