AD
AD
AD
play

 

မန္တလေးတိုင်းဒေသကြီးမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးနောက်ပိုင်း သွေးပေါင်ကျပြီး အော့အန်တာတွေနဲ့ ဖျားနာတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ခဲ့လို့ ဆေးရုံတက်ကုသရတဲ့ ကလေး ၁၇ ဦးရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

အသက်(၉)လကနေ (၁၅)နှစ်ထိ ကလေးငယ်တွေကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံတာတွေကို နိုဝင်ဘာ ၁၅ ရက်ကနေ ၂၃ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စီမံချက်ချ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၂၁ ရက်အထိ ဂျပန်ဦးနှောက်ရောင်ကာကွယ် ဆေးထိုးနှံပေးပြီးနောက်ပိုင်း သွေး ပေါင်ကျခြင်း၊ အော့အန်ခြင်းပြီး ဖျားနာတဲ့ လက္ခဏာတွေဖြစ်ပွားပြီး ဆေးရုံတက်ကုသနေရတဲ့ ကလေး ၁၇ ဦးရှိကာ သာမန်ဖြစ်ပွားသူ ၁၀ ဦးနဲ့ ပြင်းထန်ဖြစ်ပွားသူ ခုနစ်ဦးရှိတယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

play

 

ဆေးရုံတက်ကုသရတဲ့ ကလေးအများစုက အသက် (၁၂) နှစ်၊ (၁၃)နှစ်နဲ့ (၁၄)နှစ် အရွယ်အများဆုံးဖြစ်ပြီး (၃)နှစ်နဲ့ (၅)နှစ်အရွယ်ကလေးတွေ ပါဝင်နေပြီး လက်ရှိမှာတော့ သူတို့အားလုံးက သက်သာပြီး ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးက မြစ်သား၊ ကျောက်ဆည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ရမည်းသင်း၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တောင်သာနဲ့ မလှိုင်မြို့နယ်တို့က ကလေးငယ် ၁၇ ဦး ဆေးရုံတက်ကုသခဲ့ရပါတယ်။

 

ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ဆေးရုံတက်ကုသရတာမရှိပေမယ့် မူးဝေတာနဲ့ ဖျားနာတဲ့ လက္ခဏာတွေ ပြသခဲ့တဲ့ ကလေး ၁,၁၄၆ ဦးရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Source : 7DayDaily

Photos : CDC

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD