play

 

ထိုင်းနိုင်ငံ ဆင်းပူရီးခရိုင်မှာ ဒီနေ့ မနက်ပိုင်းက မြန်မာအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ ကားတစီး ဆယ်ဘီးကားနဲ့ တိုက်မိကာ ကားတစီးလုံး မီးလောင်သွားတာကြောင့် ကားထဲပါလာတဲ့ မြန်မာအလုပ်သမားတွေနဲ့ ကားမောင်းသူ အပါအ၀င် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရတ်သတင်းရဲ့ ဖော်ပြချက်ကို DVB သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီနေ့ (နိုဝင်ဘာ ၂၄ ) မနက် သုံးနာရီလောက်က အာရှလမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်ကာ အခင်းဖြစ်တဲ့နေရာမှာ တိုယိုတာ မှန်လုံကားတစီး မီးလောင်နေလို့ ဆင်းပူးရီးမြို့နယ် မီးသတ်ဌာနကို အကူအညီတောင်းပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ ဆင်းပူးရီးမြို့နယ်ရဲစခန်း တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

play

 

မီးလောင်သွားတဲ့ ကားအနီးမှာ မစ်ဆူဘီရှီဖူဆို အဖြူရောင် ဆယ်ဘီးကားတစီး ရပ်နေတာတွေ့လို့ သွားရောက်စစ်ဆေးရာမှာ ကားနောက်ဘီး ပျက်စီးနေတာ တွေ့ရပြီး ယာဉ်မောင်းဖြစ်သူ နိုင်းဆုန်ထောင်းဖတ်ထောင်း (၅၆ နှစ်) က သူဟာ လမ်းကြောအတိုင်း ပုံမှန်မောင်းနှင်လာပေမယ့် မှန်လုံကားက သူ့ကားကို အနောက်ကနေ ဝင်တိုက်ခဲ့ပြီး မီးလောင်သွားတာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ အကြောင်းရင်းက ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ရှေ့ကားကို ဝင်တိုက်ခဲ့တာလို့ သုံးသပ်ထားကာ သေဆုံးသွားတဲ့ အလုပ်သမားတွေကတော့ မြန်မာဘက်ခြမ်းကနေ ပတ်စ်ပို့နိုင်ငံကူးလက်မှတ်နဲ့  (Work Permit) စတဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။

ဒါပေမယ့် ယာဉ်တိုက်မှုကြောင့် မီးလောင်ထားလို့ ဘယ်သူဘယ်ဝါ ခွဲခြားမရနိုင်တာကြောင့် ဆေးရုံမှာ ဒီအန်အေစစ်ဆေးပြီး သက်ဆိုင်ရာ ဆွေမျိုးတွေထံ အပ်နှံပေးသွားမယ်လို့ ဆင်းပူးရီးမြို့နယ်ရဲစခန်း တာဝန်ကျရဲအုပ်က ပြောပါတယ်။

Source & Photos : DVB,Thairat

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video