play
လျှပ်စစ်မီတာသုံးစွဲခက (၁)ယူနစ်ကနေ (၁၀၀)ယူနစ်အထိ တစ်ယူနစ်သုံးစွဲခ(၃၅)ကျပ် သတ်မှတ်ထားတာပါ။

 

လာမယ့်နှစ်မှာ မီတာခ ၁ ယူနစ်ကို ကျပ် ၆၀ ဝန်းကျင် ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့  နိုဝင်ဘာ (၂၄)ရက်က ရန်ကုန်မြို့ UMFCCI ခန်းမမှာ ကျင်းပတဲ့ ဒုတိယသမ္မတနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ (၁၂)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

လျှပ်စစ်ဖြန့်ဖြူးရောင်းချပေးနေရာမှာ နိုင်ငံတော်အစိုးရဘက်က စိုက်ထုတ်သုံးစွဲထားတဲ့ ငွေကြေးတွေ အများအပြားရှိနေပြီး အရှုံးခံ ဖြန့်ဖြူးနေရတာဖြစ်တဲ့အတွက် လျှပ်စစ်မီတာခကို လာမယ့်နှစ်က စတင်ကာ(၁)ယူနစ်ကို ကျပ် (၆၀)နှုန်းနဲ့ တိုးမြှင့် ကောက်ခံသွားဖို့ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အခုပေးဆောင်နေရတဲ့ မီတာခ နှုန်းထားဟာ အလွန်သက်သာတဲ့နှုန်းထားဖြစ်နေပြီး နိုင်ငံတော်က လျှပ်စစ်ထုတ်လုပ်မှုအတွက် စိုက်ထုတ်သုံးစွဲမှု မရှိရင် မီတာခတွေက (၁)ယူနစ်ကို ကျပ် (၁၅၀)လောက် ကျသင့်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (လျှပ်စစ်ကဏ္ဍ)က အဖွဲ့ဝင် ဦးဇေယျသူရမွန်က ပြောပါတယ်။

play

 

လက်ရှိအချိန်မှာ လျှပ်စစ်မီတာခတွေကို (၁)ယူနစ်ကနေ (၁၀၀)ယူနစ်အထိ တစ်ယူနစ်သုံးစွဲခ(၃၅)ကျပ်၊ ယူနစ်(၁၀၀)ကနေ ယူနစ်(၂၀၀)အထိ တစ်ယူနစ်သုံးစွဲခကျပ်(၄၀)နဲ့ ယူနစ် (၂၀၀)အထက်ကိုတော့ တစ်ယူနစ် သုံးစွဲခ ကျပ်(၅၀)ကောက်ခံနေတာဖြစ်ပြီး လုပ်ငန်းသုံးမီတာခကတော့ (၁)ယူနစ်ကို (၇၅)ကျပ် ကောက်ခံ နေတာဖြစ်ပါတယ်။

လျှပ်စစ်သုံးစွဲမှုအနေနဲ့လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ် ရောင်းချပေးနေတဲ့ ပမာဏရဲ့ တစ်ဝက်ကျော်ကို ရန်ကုန်တိုင်းဒေသကြီးက ၀ယ်ယူသုံးစွဲနေတာဖြစ်ပြီး နိုင်ငံတော်က စိုက်ထုတ်သုံးစွဲနေရတဲ့ ငွေကျပ်ဘီလီယံပေါင်းများစွာရဲ့ တစ်ဝက်ကျော်လောက်က ရန်ကုန်တိုင်းဒေသကြီးအတွက် စိုက်ထုတ်သုံးစွဲနေရတယ်လို့ ရန်ကုန်ဝန်ကြီးချုပ်က ပြောပါတယ်။

Source : CNB

Photos :  reuters

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video