AD
AD
AD
play

 

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်တာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ကိစ္စတွေကို အမေရိကန်နိုင်ငံက ယာယီ တားမြစ်ထားတယ်လို့ အမေရိကန်သံရုံးကတခုရဲ့ထုတ်ပြန်ချက်ကို ဗြိတိန်အခြေစိုက် independent သတင်းဌာနက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ဘင်္ဂါလီများမျိုးနွယ်စု ရှင်းလင်းမှု ( မူရင်းဖော်ပြချက်တွင် ရိုဟင်ဂျာဟု ဖော်ပြထား) လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က တရားဝင်ထုတ်ဖော် ပြောဆိုပြီး နောက်ပိုင်းမှာ အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ဘင်္ဂါလီဒုက္ခသည် ခြောက်သိန်းကျော် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး နေရတယ်လို့ Independent သတင်းဌာနက ဖော်ပြခဲ့ပြီး ရက်စ် တီလာဆန်က မြန်မာစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေကို ပြစ်ဒဏ်တွေ ချမှတ်ဖို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင်ဒီပြစ်မှုတွေကို မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပြင် ဒေသခံကာကွယ်ရေးသမားတွေက ကျူးလွန်ခဲ့ကြတာဖြစ်ပြီး ဆင်းရဲဒုက္ခ ယောကျာင်္း၊ မိန်းမနဲ့ ကလေးသူငယ် ထောင်သောင်းများစွာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ထွက်ပြေးခဲ့ရတယ်လို့လည်း ဝန်ကြီး ရက်စ်တီလာဆန်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

 

ဒါပေမယ့် ရခိုင်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ရဲ့ထုတ်ပြန်ချက်ဖြစ်တဲ့ ‘ဘင်္ဂါလီများ မျိုးနွယ်စု ရှင်းလင်းမှု (Ethnic Cleansing) နဲ့ ရင်ဆိုင်နေရ’တယ်ဆိုတဲ့ အသုံးနှုန်းက ဂုဏ်သိက္ခာမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဝေဖန်ထားပါတယ်။

Source & Photos : Independent

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD