AD
AD
AD
play

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖိတ်ကြားချက်အရ ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီနေ့ ( နိုဝင်ဘာလ ၂၇ ) ရက် နေ့လည် ၁ နာရီက ရန်ကုန်မြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

play

 

ပုပ်ရဟန်းမင်းကြီးက လေဆိပ်ကနေတဆင့် သူနားနေမယ့် သိမ်ဖြူလမ်းမှာရှိတဲ့ ကက်တလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး အိမ်တော်ကို သွားရောက်ခဲ့ပြီး ပြည်လမ်းနဲ့ ဗိုလ်ချုပ်လမ်းတလျောက်မှာရှိတဲ့ ကြိုဆိုရေးနေရာ ငါးခုကနေ ကက်သလစ်ဘာသာဝင်ထောင်ပေါင်းများစွာက ကြိုဆိုနှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။

play

 

ကက်သလစ်သာသနာရဲ့ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိလာတာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာအစိုးရခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်မြို့ကျိုက္ကဆံကွင်းမှာလည်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ပြီး တရားတော်တွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

play

 

ဒီနေ့ ပုပ်ရဟန်းမင်းကြီးလာရောက်တဲ့ လမ်းကြောင်းတလျှောက်ကို ရန်ကုန် တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့က လိုက်ပါပို့ဆောင်ခဲ့ပြီး ကားလမ်းတွေကို လမ်းလွှဲပိတ်ဆို့တာမျိုးတွေမလုပ်ခဲ့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုကြောင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က နိုဝင်ဘာ ၂၇ ရက်ကနေ ၃၀ ရက်အထိ လေးရက်ကြာ လာရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD