AD
AD
AD
play

 

မင်းဘူးမြို့နယ် ငဖဲ-ရွှေစက်တော်ကားလမ်းဘေး ဆပ်ပြာချောင်းနား ကျောက်တစ်လုံး မြေနီကွင်းရှိ ဟန်ထက်(၁)ကျောက်မီးသွေးတွင်းမှာ နိုဝင်ဘာ(၂၇)ရက်က ဂတ်စ်အိုးပေါက်ပြီး မြေပြိုခဲ့လို့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးသေဆုံးကာ တွင်းထဲမှာ ပိတ်မိနေသူ ခြောက်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ(၂၇)ရက် မွန်းလွဲ(၃)နာရီလောက်က တွင်းအနက်ပေ ၂၀၀ ကနေ ၃၀၀ လောက်ရှိတဲ့ ကျောက်မီးသွေးတွင်းထဲမှာ ဂတ်စ်အိုးပေါက်ပြီး မြေပြိုမှုဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် တွင်းထဲမှာအလုပ်လုပ်နေတဲ့ လူ(၁၀)ဦး ထဲက လေးဦးပဲ မြေပြင်ပေါ်ကို ပြန်လည်တက်ရောက်လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမားခြောက်ဦး ပိတ်မိနေခဲ့တာပါ။

play

 

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ(၂၇)ရက် ညသန်းခေါင်အချိန်ဝန်းကျင်မှာ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ အလောင်းကို တူးဖော်ရရှိခဲ့ပြီး ဂတ်စ်အိုးပေါက်ကွဲတဲ့ ဖြစ်စဉ်ကြောင့် မြေပြင်တွင်းပေါက်ဝနားက တရုတ်နိုင်ငံသားနှစ်ဦးနဲ့ အလုပ်သမားနှစ်ဦးတို့ ကျောက်ခဲထိမှန်တာ တွေဖြစ်ပေါ်ခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

နိုဝင်ဘာ(၂၈)ရက် မနက်ပိုင်းအချိန်အထိ တွင်းထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားခြောက်ဦးကို ဆက်လက်ရှာဖွေဆဲဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ငါးဦးစလုံးက အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးပြီလို့ ယူဆရကြောင်း မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး က ပြောပါတယ်။

Source & Photos : CNB

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD