play
ကုမ္ပဏီရုံးခန်းတွင်လာရောက် စောင့်ဆိုင်းနေကြသည့် ရှယ်ယာရှင်များ။

 

Jude Jude Family၊ သင့်မြတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ပိုင်ရှင်အမျိုးသမီးက အစုရှယ်ယာထည့်ဝင်ထားသူတွေဆီကနေ ကျပ်သိန်းပေါင်း ရှစ်သောင်းခန့် လိမ်လည်ပြီး တိမ်းရှောင်နေတယ်လို့ ရှယ်ယာထည့်ဝင်ထားသူတွေက 7Day Daily သတင်းစာကို ပြောပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ညက ရှယ်ယာဝင်ဦးရေ ၂၀၀ ခန့်က အဆိုပါလုပ်ငန်းရုံးဖွင့်ထားတဲ့ ဆီဒိုးနားဟိုတယ်ကို လာရောက်စုရုံးကာ ရဲတပ်ဖွဲ့ဝင် တချို့နဲ့ရှေ့နေတွေ ခေါ်ဆောင်လာကာ ကုမ္ပဏီရှိ တာဝန်ရှိသူတွေကို ငွေကြေးကိစ္စ ဖြေရှင်းပေးဖို့ စုဝေးတောင်းဆိုခဲ့ကြပါတယ်။

အခင်းဖြစ်ရာနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးကို 7Day Daily သတင်းစာက မေးမြန်းရာမှာ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဒေါ်သက်သက်မြိုင်ကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ပြီး မည်သည့်မှတ်ချက်မှာ မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

 

အဆိုပါ ကုမ္ပဏီရုံးခန်းကရရှိတဲ့ အချက်အလက်တွေအရ ရှယ်ယာဝင်ဦးရေက ရန်ကုန်နဲ့ နယ်တွေက လူဦးရေ စုစုပေါင်း ၁,၆၀၀ ခန့်ရှိပြီး ရှယ်ယာရှင်တွေက တစ်ဦးကို အနည်းဆုံး ကျပ်၁၀ သိန်းကနေ အများဆုံးသိန်း ၂,၀၀၀ အထိ ဆုံးရှုံးသူတွေ ရှိတယ်လို့ သိရပါတယ်။

ရုံးမှာ ကျန်နေတဲ့  ဒါရိုက်တာဆိုသူ ကိုထက်ဦးလွင်(ခေါ်) ရွှေမိုးစက်ပြောကြားချက်အရ အစုရှယ်ယာရှင်လုပ်ငန်းမှာပင် သိန်း ၅၀,၀၀၀ ခန့် ငွေပမာဏရှိပြီး Jade Jade Project ပါဝင်မယ်ဆိုရင်စုစုပေါင်း ကျပ်သိန်းရှစ်သောင်းခန့်ရှိမယ်လို့ ရှယ်ယာရှင်အများစုက ခန့်မှန်းပါတယ်။

အဆိုပါလုပ်ငန်းကို ဒေါ်သက်သက်မြိုင်(ခ)ဂျူးဂျူးက ဦးဆောင်ခဲ့ပြီး အစုအစပ်လုပ်ငန်းလုပ်ကိုင်မယ်ဆိုကာ အမြတ်ရာခိုင်နှုန်းများစွာပေးပြီး ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့်ရှယ်ယာဝင်တွေကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

 

လုပ်ငန်းစတင်တဲ့ ၂၀၁၆ ကနေ ၂၀၁၇ ခုနှစ် စက်တင်ဘာအထိ အတိုးနှုန်းတွေ ပုံမှန်ပေးခဲ့ပေမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အတိုးနှုန်းမပေး၊ ဆက်သွယ်မရခဲ့တာတွေဖြစ်ခဲ့တယ်လို့ ကျပ်သိန်း ၂၀၀ ခန့် ရှယ်ယာဝင်ထားတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကလည်း J Coin J Card လုပ်ငန်း အမည်နဲ့ အစုရှယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ မလေးရှားနိုင်ငံ သားလေးဦးက ရှယ်ယာရှင်တွေဆီကနေ ငွေကျပ်သန်းနှစ်ထောင်ခန့် လိမ်လည်ကာ ထွက်ပြေးသွားခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အရေးမယူနိုင်သေးဘူးလို့ သိရပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video