play

 

ဘင်္ဂလားဒေရှ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရိုဟင်ဂျာဆိုတဲ့နာမည်ကို ခေါ်ဝေါ်သုံးစွဲခဲ့တာ မရှိခဲ့ဘဲ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူးလိုက်တယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့တွေဆုံခဲ့ပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာပြည်ခရီးစဉ်အတွင်း မိန့်ကြားခဲ့တာတွေလိုပဲ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ပြောဆိုသွားတာမရှိဘဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေလို့ပဲ သုံးနှုန်း မိန့်ကြားသွားပါတယ်။

play

 

“မကြာသေးခင်လတွေအတွင်း ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ အမှတ်သင်္ကေတတခုဖြစ်တဲ့ ရက်ရော ကူညီမှုနဲ့ သွေးစည်းညီညွတ်မှုတို့ကို ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသားစာနာမှုအကူအညီ ပေးတာမှာ အထင်အရှား တွေ့ထားရပါတယ်။ ဒုက္ခသည်တွေကို ယာယီ နေထိုင်ဖို့နေရာနဲ့ ဘ၀အတွက် အခြေခံလိုအပ်ချက်တွေကို ထောက်ပံ့ပေးထားပါတယ်” လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က မိန့်သွားပါတယ်။

 

မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာသွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ အာရှခရီးစဉ် ဒုတိယပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နိုဝင်ဘာလ ၃၀ က ရောက်ရှိခဲ့ပြီး ဒါကာမြို့ထဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဓာတ်ပုံပါ ကြိုဆို ဆိုင်းဘုတ်ကြီး တွေကို နေရာအနှံ့ ချိတ်ဆွဲထားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

Source : VOA

Photos : Reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video