AD
AD
AD
play

 

ဂတ်စ်ပိုက်ပေါက်ကွဲမှုကြောင့် လူ ရှစ်ဦးသေဆုံးခဲ့တဲ့ မင်းဘူးမြို့နယ်က ကျောက်မီးသွေးတွင်းကို လုပ်ငန်းပိတ်သိမ်းကာ ကုမ္ပဏီပိုင်ရှင် အမျိုးသားနဲ့ လုပ်ငန်းတာဝန်ခံ အမျိုးသားကို စကုနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ထိခိုက်သေဆုံးသွားသူတွေကို လူမှုကရုဏာကြေး ပေးအပ်နိုင်ဖို့ တာဝန်ရှိသူတွေက တိုင်ပင် ဆွေးနွေးနေပြီး ကုမ္ပဏီကို သယံဇတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက လုပ်ငန်းပိတ်သိမ်းထားကာ ဥပဒေအတိုင်း တရားစွဲဆိုမှုတွေ ပြုလုပ်သွားမယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြ ပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။

play

 

“သေဆုံးသွားတဲ့ အလုပ်သမားတွေအပေါ် အလုပ်သမား ဥပဒေအတိုင်း နစ်နာကြေးပေးဖို့ တွက်လိုက်တဲ့အချိန်မှာ တစ်ယောက်ကို လေးသိန်းခွဲလောက်ပဲ ရှိတယ်၊ အဲဒါကြောင့် လူမှုဖူလုံရေးကြေး ပေးအပ်ဖို့နဲ့ လျော်ကြေးမဟုတ်ဘဲ လူမှုကရုဏာကြေးပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွန်ကြားထားတဲ့အတိုင်း ညှိနှိုင်းဆွေးနွေးနေတယ်၊ ဒီနေ့တော့ ဆုံြး ဖတ် မရသေးဘူး၊ လုပ်ငန်းကတော့ အပြီးအပိုင် ပိတ်ထားလိုက်ပြီ”လို့ ဦးနေမျိုးကျော်က ရှင်းပြပါတယ်။

ဒီဖြစ်စဉ်ကြောင့် အသက် ၃၈ နှစ်အရွယ် ကုမ္ပဏီပိုင်ရှင် ဦးချစ်ဟန်နဲ့ အသက် ၃၉ နှစ်အရွယ် လုပ်ငန်းခွင်တာဝန်ခံ ဦးအောင်ကျော်လင်းတို့ကို အမှုဖွင့်ထားပါတယ်။ နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က ကျောက်မီးသွေးတွင်းထဲကို လေတွန်းပို့ထားတဲ့ ပိုက် ချုပ်ရိုးပြုတ်ထွက်ကာ တွင်းသားတွေ ပြိုကျခဲ့ပြီး အလုပ်သမား ၁၀ ဦးနဲက ရှစ်ဦး ပိတ်မိပြီးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

Source : The Voice

Photos : Than Oo Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD