AD
AD
AD
play

 

ကပ္ပလီပင်လယ်မှာ မုန်တိုင်းတစ်လုံး  ထပ်မံဖြစ်ပွားနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးမှာ အချိန်အခါမဟုတ် မိုးဆက်လက်ရွာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပေါ် ခဲ့တဲ့ မုန်တိုင်းငယ်က မြန်မာနိုင်ငံကမ်းရိုးတန်းနဲ့ ဝေးကွာတဲ့ အာရေဗျပင်လယ်ထဲကို ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကတစ်ဆင့် ဝင်ရောက်သွားပြီး နိုဝင်ဘာ ၃၀ ရက်မှာ နောက်ထပ် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

‘‘လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်။ အထူးသဖြင့်တော့ တနင်္သာရီတိုင်း ဒေသကြီးမှာ မိုးရွာဖို့ရှိနေတယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

play

 

အဆိုပါ လေဖိအားနည်းရပ်ဝန်းက ဒီနေ့(ဒီဇင်ဘာ ၁ ရက်) မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးပါဝင်တဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း အချိန်အခါမဟုတ်မိုးကြောင့် တောင်သူအချို့ အခက်တွေ့ခဲ့ရသလို ဒီဇင်ဘာလဆန်းမှာလည်း အချိန်အခါမဟုတ် မိုးဆက်လက်ရွာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်နဲ့ မိုးဇလဌာနက သတိပေးထားပါတယ်။

Source & Photos : 7DayDaily

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD