AD
AD
AD
play

 

Wotld AIDS နေ့အစ

ဒီနေ့ (ဒီဇင်ဘာလ ၁ ရက်)က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် ဒီဇင်လာလ ၁ ရက်နေ့ကတည်းက သတ်မှတ်ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို AIDS ရောဂါတိုက်ဖျက်ရေး၊ HIV ရောဂါပိုးကူးစက်မှုကာကွယ်ရေးနဲ့ ဒီရောဂါနဲ့ ပတ်သက်တဲ့ အသိပညာတိုးတက်စေရေးတို့အတွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

AIDS ရောဂါ ဘယ်လိုစဖြစ်တာလဲ

AIDS ဟာ HIV လို့ခေါ်တဲ့ ဗိုင်းရပ်တစ်မျိုးကြောင့် ဖြစ်တဲ့ ဝေဒနာဖြစ်ပါတယ်။ ၁၉၈၃ခုနှစ်မှာ သိပ္ပံပညာရှင်တွေက အာဖရိကတိုက်မှာရှိတဲ့ မျောက်တွေကနေ HIV ရောဂါပိုးကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ နှစ်များမှာတော့ ကူးစက်မှုနှုန်း မြန်ဆန်မြင့်မားလာပြီး ကမ္ဘာ့ကပ်ရောဂါအဆင့်ထိ အသွင်ဆောင်လာပါတယ်။

AIDS ရောဂါနဲ့ ပတ်သတ်ပြီး သိထားရမယ့် အချက်တွေ

* AIDSဆိုတာ (Acquired Immune Deficiency Syndrome)ခုခံအားကျဆင်းမှုရောဂါ ဖြစ်တယ်။
* AIDS ဆိုတာ HIV ပိုးကူးစက်ခံရပြီးနောက် နောက်ဆုံးအဆင့်အခြေအနေဖြစ်တယ်။
* AIDS ဆိုတာ HIV ပိုးတွေက လူရဲ့ခုခံအားစနစ်ကိုဖျက်ဆီးပြီး နောက်ဆုံးအခြေအနေရောက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ဖျားနာခြင်းနဲ့ ရောဂါလက္ခဏာအစုအဝေးဖြစ်တယ်။
* ပိုးရှိတာကို သိရှိပြီး အချိန်မီကုသမှုခံယူမယ်ဆိုရင် AIDS အခြေအနေအထိမရောက်စေဘဲ HIV ပိုးကိုထိန်းချုပ်ထားပြီး လူသက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

play

 

AIDS ဆိုတာ HIV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ ရောဂါအစုအဝေးပါ။ HIV ပိုးကူးစက်ခံရတဲ့ လူနာတစ်ယောက်ရဲ့ ခုခံအားစနစ်က ကူးစက်ရောဂါတွေကို ပြန်လှန်ခုခံနိုင်စွမ်းမရှိအောင် အတော်အားနည်းနေပြီဆိုရင် နောက်ပြီး ဒီရောဂါပါလို့အသေအချာကောက်ချက်ချနိုင်တဲ့ ရောဂါလက္ခာဏာတွေရယ် ဖျားနာတာတွေရယ် ဖြစ်ပြီဆိုရင် ဒီလူကို AIDS ရောဂါဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။ (AIDS အဆင့်ကိုရောက်ဖို့ HIV Infection Stage ၃ ဆင့်ရှိပါတယ်) AIDS ဆိုတာ HIV ပိုးကူးစက်ခံရတာရဲ့ နောက်ဆုံးအဆင့်လို့ မှတ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အနေအထား

မြန်မာပြည်ရဲ့ ပထမဆုံးလူနာကို ၁၉၈၈ ခုနှစ်မှာ  စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံက အာဆီယံဒေသတွင်းမှာ အေအိုင်ဒီအက်ရောဂါသည် ဒုတိယအများဆုံးနိုင်ငံဖြစ်လာပြီး ဝေဒနာရှင်ပေါင်း ၂၃၀၀၀၀ (နှစ်သိန်းသုံးသောင်း) ကျော်နေရှိတယ်လို့ ၂၀၁၆ ခုနစ် မှတ်တမ်းတွေအရ သိရပါတယ်။

ကမ္ဘာနဲ့ AIDS ၊ HIV ဗိုင်းရပ်စ်

UNAIDS ရဲ့နောက်ဆုံးမှတ်တမ်းတွေအရ လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ AIDS ရောဂါကြောင့် သေဆုံးခဲ့သူ သန်း ၃၀ ကနေ ၄၁ သန်းအကြားရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် စာရင်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ ၃၆.၇ သန်းက HIV ရောဂါပိုးနဲ့ အသက်ရှင် နေထိုင်နေကြပြီး လူ ၁.၈ သန်းက ရောဂါကူးစက်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

HIV ဗိုင်းရက်စ်နဲ့ AIDS ရောဂါ ဘယ်လိုကာကွယ်မလဲ

ရောဂါပိုးကူးစက်နိုင်တဲ့နည်းလမ်းတွေနဲ့အတူ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ လည်းရှိပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံရာမှာ အကာအကွယ်နဲ့ ဆက်ဆံတာတွေ၊ တစ်ကိုယ်ရေသုံးဆေးထိုးအပ် (သို့မဟုတ်) တစ်ခါသုံးဆေးထိုးအပ်တွေကို သုံးစွဲတာက ရောဂါ ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

HIV ရောဂါဘယ်လို ကူးစက်တတ်လဲ
(၁)ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း။
(၂)သွေးမှတစ်ဆင့်ကူးစက်ခြင်း။
(၃)အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်မှ ကလေးသို့ ကူးစက်ခြင်း။
(၄)ရောဂါ ပိုးပါသော သွေးသွင်းမိခြင်း။
(၅)ရောဂါ ပိုးရှိသူနှင့် ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း ။
(၆)ဆေးမင်ကြောင် ထိုးခြင်း ဓါတ်အပ် စိုက်ခြင်း။ 
(၇)ရောဂါ ပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည် များမှ ထိခိုက် ဒဏ်ရာ သို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ - ဆေးထိုး အပ်စူး မိခြင်း၊ ခန္ဓာ ကိုယ်ရှိ ပြတ်ရှ ဒဏ်ရာ - အခြား ဒဏ်ရာ များကို သွေးထိ မိခြင်း၊ မုတ်ဆိတ် ရိပ်ဓား မှ တစ်ဆင့် ထိရှ ကူးစက်ခြင်း)

Source : unaids,wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD