AD
AD
AD
play

 

ရန်ကုန်မြို့တွင်း ကျောင်းတွေက ကျောင်းသားမိဘတွေ ကျောင်းကြိုပို့ရာမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားလိုက်ပြီး ၀န်ကြီးချုပ်ကားလည်း စည်းကမ်းဖောက်ပါက ဥပဒေအတိုင်းဖမ်းဖို့ ညွှန်ကြားမယ်လို့ ပြောလိုက်ပါတယ်။

‘‘ယာဉ်စည်း ကမ်းဘက်ကနေ ကျွန်တော်တို့ ဘက်ကို ပြောပါတယ်။ ဒီကားတွေ ကို ဖမ်းရမလားပေါ့။ ကျွန်တော့် အမြင် အယူအဆကတော့ဝန်ကြီး ချုပ်ကားလည်း စည်းကမ်းချိုး ဖောက်ရင် ဖမ်းပါ။ ဥပဒေရဲ့အ ထက်မှာ ဘယ်သူမှ မရှိသင့်ပါဘူး လို့ မူအရ ဒီအတိုင်းပဲ လမ်းညွှန်ရမှာပါ။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေကအခြေအနေ အကြောင်းကြောင်းပေါ်ထောက်ပြီး အဆင်ပြေသလို ဆောင်ရွက် နေရတာပါ’’လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

play

 

ဒီဇင်ဘာ ၁ ရက်က ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲမှာ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံတုန်းမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ လမ်းမများပေါ်တွေက ကျောင်းတွေမှာ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တွေမှာ ကျောင်းသား အကြိုအပို့ လုပ်တဲ့ ကားတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ ကားမရပ်ရတဲ့ နေရာမှာရပ်တာတွေနဲ့ လမ်းမအလယ်မှာ ရပ်တာတွေ မပြုလုပ်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD