AD
AD
AD
play

 

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ ယာဉ်မတော်တဆမှု ငါးရာကျော် (၅၁၀)ဖြစ်ပွားပြီး သေဆုံးသူ ၁၀၉ ဦးရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွေကြောင့် ဒဏ်ရာရသူ ၇၉၇ ဦးရှိကာ ပြီးခဲ့တဲ့ နှစ်ထက် ယာဉ်မတော်တဆမှုနည်းပါးပြီး သေဆုံးသူဦးရေနဲ့ ဒဏ်ရာရသူဦးရေလည်း လျော့နည်းခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

play

 

‘‘ကားဘီးပေါက်လို့ မှောက် တဲ့ကားတွေ ပိုများလာတယ်’’လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောပါတယ်။

၂၀၁၆ ခုနစ်မှာ ယာဉ်မတော်တဆမှု ၇၄၄ မှုဖြစ်ပွားပြီး လူ ၁၇၀ သေဆုံးကာ ဒဏ်ရာရသူ တစ်ထောင်ကျော်ရှိကြောင်း  အ မြန်လမ်းရဲတပ်ဖွဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုအများစုက ကားဘီးပေါက်လို့ ဖြစ်ပွားခဲ့တာ ပိုများပြီး ခါးပတ်မပတ်လို့ ထိခိုက်ဒဏ်ရာရမှု ပိုများတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD