AD
AD
AD
play
တရုတ်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့တွေ့ဆုံနေစဉ်။

 

တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ပါတီချင်းပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတတို့က ဒီဇင်ဘာ ၁ ရက်မှာ တွေ့ဆုံပြီး စီကျင်းပင်က အာဏာရပါတီအချင်းချင်းကြား နက်ရှိုင်းတဲ့ မဟာဗျူဟာ မြောက်ဆက်ဆံရေးကို မျှော်လင့်နေတယ်လို့ ဆင်ဟွာသတင်းရဲ့ဖော်ပြချက်ကို 7Day သတင်းစာက ဖော်ပြခဲ့ပါတယ်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(အင်န်အယ်လ်ဒီ)အာဏာရပြီးကတည်းက ခင်ဗျားနဲ့ ကျွန်တော်အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့တယ်’’လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောပါတယ်။

play
တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်။

 

တရုတ်ကွန်မြူနစ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့က အရေးပါတဲ့ အကျိုးစီးပွားနဲ့ကိစ္စရပ်တွေမှာ နီးနီကပ်ကပ် ညှိနှိုင်းတာတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ အပြန်အလှန်ပံ့ပိုးကူညီမယ်လို့ ခေါင်းဆောင်နှစ်ဦးအကြား သဘောတူလက်ခံတယ်လို့ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့အကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို မသိရှိပေမယ့် ပါတီနှစ်ခုအကြား ရင်းနှီးတဲ့ ဆက်သွယ်မှုရှိပြီး အလည်အပတ်သွားလာမှုလည်းရှိတယ်လို့ အမျိုးသားဒီမိုကနေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

Source : 7DayDaily

Photos : MSCO

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD