AD
AD
AD
play

 

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပန်းခြံထဲမှာ ဒီဇင်ဘာလ ၂ ရက် မနက် ၆ နာရီလောက်က မှတ်ပုံတင်၊ သန်းခေါင်စာရင်း တစ်ရာ့ငါးဆယ်လောက်ပါတဲ့ အထုပ်တစ်ထုပ် ပစ်ချထားခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

“မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေ တွေ့တာတော့ မှန်ပါတယ်၊ အဲဒါတွေကို လဝကကို လွှဲပေးထားတယ်၊ အမှုဖွင့် တိုင်ကြားတာတော့ မရှိသေးဘူး၊ နယ်ထိန်း ရဲအရာရှိတွေ သွားစစ်ဆေးပြီး သိမ်းယူခဲ့တာပါ”လို့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

play

 

အဆိုပါ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပါ အထုပ်တစ်ထုပ်ကို ကျန်းမာရေး အားကစား လေ့ကျင့်ခန်း လုပ်နေတဲ့ အမျိုးသားတစ်ဦးက စတင် တွေ့ရှိခဲ့ပြီး ဗဟန်းမြို့မရဲစခန်းကို အကြောင်းကြားကာ နယ်ထိန်း တာဝန်ခံအရာရှိကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အထုပ်ထဲကနေ မှတ်ပုံတင် ၁၅၀ ခန့်၊ ရေစိုနေတဲ့ သန်းခေါင်စာရင်းမူရင်းတွေကို တွေ့ရှိခဲ့ရပြီး အဆိုပါ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေက ရန်ကုန်၊ မန္တလေး၊ အမရပူရလိပ်စာတွေအပြင် အခြားမြို့နယ်တွေလဲ ပါဝင်တယ်လို့ သိရပါတယ်။

Source : The Voice

Photos : Kyaw Thet Htawe Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD