AD
AD
AD
play

 

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ဒီဇင်ဘာ ၁ ရက်တွင် ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ တာဝန်ယူရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဦးဆောင်တဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ၂၀၁၈ ဇန်န၀ါရီလမှာ စတင်ရိုက်ကူးမှာဖြစ်ကာ ၂၀၁၉ ဒီဇင်ဘာမှာ အပြီးအစီး ရိုက်ကူးထုတ်လုပ်သွားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက News Watch သတင်းဌာနကို ပြောပါတယ်။

“သရုပ်ဆောင်ကရွေးထားတာ ၂ ယောက်ရှိတယ်။ ဗိုလ်ချုပ်နေရာမှာသရုပ်ဆောင်မဲ့ ကျော်ကျော်မျိုးနဲ့ အမေ ဒေါ် ခင်ကြည်နေရာမှာ သရုပ်ဆောင်ဖို့ ဇာခြည်လင်း အဲဒီနှစ်ယောက်ကိုရွေးထားတယ်။ သူတို့နှစ်ယောက်ကလည်း စိတ် အားလူအားနဲ့ အခုအချိန်မှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်။ သူတို့ကိုပဲ ဆက်ပြီးသုံးမှာပါ”လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောပါတယ်။

play

 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ရန်ပုံငွေ ကျပ်သိန်း ၈၃၀၀ ကျော်နဲ့ ရိုက်ကူးမှာဖြစ်ကာ အဆိုပါဘတ်ဂျတ်နဲ့ကိုက်ညီမယ့် ဇာတ်ညွှန်းတခုကို ပြန်လည်ရေးပြီးမှ အခြားသရုပ်ဆောင်တွေကို ရွေးချယ်မယ်လို့ သိရပါတယ်။

ဝန်ကြီးသူရဦးအောင်ကိုဦးဆောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီကို ရန်ပုံငွေ ကျပ်သိန်း ၈၃၀၀ ကျော်အပါအ၀င် သမိုင်းဆိုင်ရာ အထောက်အကူပစ္စည်းများ၊ စာရွက်စာတမ်းများကို တရားဝင်လွှဲပြောင်းပေးသွားမယ်လို့ (ယခင်) ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေး ကပြောပါတယ်။

Source : News Watch

Photos : Bogyoke Aung San Movie facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD