play

 

ကပ္ပလီပင်လယ်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်ဒေသတချို့မှာ အအေးအနည်းငယ် လျော့ကျနိုင်ပေမယ့် ဒီဇင်ဘာ ၈ ရက် နောက်ပိုင်းမှာ အအေးပိုလာနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးထားပါတယ်။

‘‘အခုက အေးနေပေမယ့် ပုံမှန်အခြေအနေပါ။ လေဖိအား နည်းရပ်ဝန်းရှိနေလို့လည်း အပူ ချိန်အနည်းငယ် ပြန်မြင့်လာနိုင်ပါ သေးတယ်။ လက်ရှိတိုင်းတာချက် အရတော့ လေဖိအားနည်းရပ်ဝန်း က ဒီဇင်ဘာ ၈ ရက်လောက်မှာ ပျက်ပြယ်နိုင်တယ်။ အဲဒီနောက် ပိုင်း ပိုအေးလာနိုင်ပါတယ်’’လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

play

 

လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံဒေသအများစုမှာ အရင်ကထက်အေးနေပေမယ့် ပုံမှန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆောင်းကာလရောက်နေပေမယ့် မြန်မာနိုင်ငံဒေသအများစုမှာ နိုဝင်ဘာလလယ်ခန့် အထိ မအေးခဲ့ဘဲ နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းက စပြီး အနည်းငယ်အေးလာခဲ့တာကို တွေ့ရပါတယ်။

မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ နိုဝင်ဘာ ၂၈ ရက်က နေ့အပူချိန် ၅၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက် (၁၀ ဒသမ၄ ဒီဂရီစင်တီဂရိတ်) အထိ အေးခဲ့ပြီး အအေးမှတ်စံချိန်သစ်တင်ခဲ့ပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video