AD
AD
AD
play

 

ရန်ကုန်လိုင်စင်တက္ကစီတွေကို ဒီဇင်ဘာလကုန် နောက်ဆုံးထားပြီး စီးတီးတက္ကစီမှတ်ပုံတင်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) က ကြေညာခဲ့ပြီးနောက်ပိုင်း ရန်ကုန်လိုင်စင်တက္ကစီတွေက ကျပ်သိန်း ၉၀ အထိဈေးတက်သွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က မော်တော်ယာဉ်အမျိုးအစားအလိုက် ကျပ်သိန်း ၅၀ ကနေ သိန်း ၉၀ခန့်အထိ ဈေးတက်သွားပြီး တိုယိုတာဖီလ်ဒါ အမျိုးအစားတက္ကစီသည် ကျပ်သိန်း ၂၆၀ ခန့်ရှိကာ အရင်ထက် သိန်း ၉၀ ခန့်ဈေးတက်သွားပါတယ်။ ပရိုဘောက်စ်အမျိုး အစား အငှားယာဉ်တွေက လက်ရှိ ကျပ်သိန်း ၁၈၀ နဲ့ သိန်း ၂၀၀ ခန့်ဈေးရှိပြီး အရင်ကထက် သိန်း ၅၀ ခန့်ထိ ဈေးတက်သွားတယ်လို့ ဆိုပါတယ်။

play

 

‘‘ရန်ကုန်မှာရှိတဲ့ နယ်ကား တွေကို စိစစ်တော့မယ်လို့ သတင်း စထွက်ကတည်းက  ဖြစ်လာမယ့် ကားဈေးကွက်ကိုကြိုမြင်ပြီး တက္ကစီတွေချည်းပဲ ၀ယ်စုထားတဲ့ သူတွေရှိတယ်။ အဲဒီလူတွေဒီအချိန်လောက် ပြန်ရောင်းရင် တော်တော်မြတ်နေပြီ’’လို့ ကားဝယ်ရောင်းတဦးက ပြောပါတယ်။

ရန်ကုန်လိုင်စင်တက္ကစီတွေမှာ (DD.EE.GG)အက္ခရာအပူးတွေ ဈေးကွက်အတွင်း အများဆုံး ရောင်းချနေရပြီး တိုယိုတာအမျိုးအစား ဖီလ်ဒါနှင့် ပရိုဘောက်စ်ကားတွေကို လူကြိုက်များကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးမင်းမင်းက ပြောပါတယ်။

ဒါ့အပြင် နယ်လိုင်စင်ကားတွေကို မြို့ပြင်ထုတ်မယ်ဆိုတဲ့ သတင်းမဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားပြီး နောက်ပိုင်းကားဈေးကွက်အတွင်း နယ်လိုင်စင်ကားများ အရောင်းအ၀ယ် အနည်းငယ် ဖြစ်လာတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : MBT

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD