play

 

နိုင်ငံတော်သမ္မတရုံးက ပြည်တွင်းဘဏ်အသစ်ငါးခုဖွင့်လှစ်ဖို့ ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်ကို ညွှန်ကြားခဲ့တယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။

‘‘ဘဏ်အသစ်ဆိုတာထက် ဟိုးကတည်းက Process (ဘဏ်ဖွင့်ခွင့်လျှောက်ထားမှု)လုပ်နေတဲ့ ဘဏ်တွေပါ။ ဘဏ်တွေဖွင့်တာ မြန်မာ့စီးပွားရေးကို တစ်နည်းတစ်ဖုံတော့ အထောက်အကူပြုလာမယ်’’လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက 7Day Daily သတင်းစာကို ပြောပါတယ်။

ယခုထပ်မံခွင့်ပြုမယ့် ဘဏ်ငါးခုက ဘဏ်ဖွင့်လှစ်ခွင့်ရရှိဖို့ အချိန်ကြာမြင့်စွာလျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၁ရက်မှာ သမ္မတရုံးက ဗဟိုဘဏ်ကို ဘဏ်ဖွင့်လှစ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားစာ ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

play
ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တစ်ခု၏ အတွင်းပိုင်းမြင်ကွင်း။

 

အသစ်ခွင့်ပြုမယ့် ဘဏ်တွေက Myanmar Tourism Bank (မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်)၊ Mineral Development Bank (သတ္တုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်)၊ Glory Farmer Develo-pment Bank (ဂုဏ်ထူးဆောင် တောင်သူလယ်သမားဖွံ့ဖြိုးတိုး တက်ရေးဘဏ်)၊ Mandalay Farmer Development Bank (မန္တလေးလယ်သမားများဖွံ့ဖြိုး တိုးတက်ရေးဘဏ်)နဲ့ Shwe Nann Saw Bank (ရွှေနန်းစော ဘဏ်)တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဘဏ်တွေ ဖွင့်လှစ်ဖို့ ဘဏ်တစ်ခုကို ကျပ်ဘီလီယံ ၂၀ မတည်ရမှာဖြစ်ကာ လက်ရှိအချိန်မှာ ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ ပြည်တွင်းဘဏ် ၂၄ ခုနဲ့ နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု ရှိတယ်လို့ နေပြီဖြစ်ပါတယ်။

Source : 7DayDaily

Photos : Reuters,

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video