AD
AD
AD
play

 

မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို နေပြည်တော် သပြေကုန်းအဝိုင်းမှာ ထားရှိမယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဖြစ်မြောက်ရေး ဦးစီးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ နိုဝင်ဘာလ ၁၃ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သပြေကုန်း အဝိုင်းမှာထားရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၁၈ ပေအမြင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ၁၀ လခန့် အချိန်ယူ တည်ဆောက်မှာဖြစ်ကာ ရန်ပုံငွေ ကျပ်သိန်း ၁၅၀ဝ ခန့် သုံးစွဲဖို့ သတ်မှတ်ထားတယ်လို့ ရုပ်တုဖြစ်မြောက်ရေး ကော်မတီနာယက၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်က အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

play
ပြည်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်။

 

အဆိုပါကြေးရုပ်က မြန်မာနိုင်ငံမှာရှိတဲ့ မြင်းစီးဗိုလ်ချုပ် ကြေးရုပ်တွေထဲမှာ အမြင့်ဆုံး ဖြစ်လာဖွယ်ရှိပြီး ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေး အတွက် ကုန်ကျမယ့် ဘဏ္ဍာငွေတွေကို ရှင်းရှင်းလင်းလင်း လုပ်ထားဖို့ လိုကြောင်းလည်း ဦးဝင်းထိန်က ပြောခဲ့ပါတယ်။

သပြေကုန်းအဝိုင်းမှာထားရှိမယ့် မြင်းစီးကြေးရုပ်က အမြင် ၁၈ ပေရှိပြီး ပြည်မြို့မှ ပန်းပုပညာရှင် ဦးမြင့်ဆန်းက ထုလုပ်ဖို့ ရွေးချယ်ထားကာ လာမယ့်နှစ် နိုဝင်ဘာလမှာ ပြီးစီးဖို့ ခန့်မှန်းထားတယ်လို့ ဗိုလ်ချုပ်မြင်းစီကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီထံမှကနေ သိရပါတယ်။

Source : 7DayDaily

Photos : Sann Htik Htar Oo

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD