AD
AD
AD
play

 

တရုတ်၊ ဂျပန်၊ ကိုရီးယားအပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံ ၂၂ ခုကို လေဆိပ်ဆိုက်ရောက်ဗီဇာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စမ်းသပ်ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။

“စစ်မှန်တဲ့ VOA (ဆိုက်ရောက် ဗီဇာ) ပေးရင် ဧည့်သည်တွေအများကြီး တိုးလာမှာ။ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကလုပ်ငန်း ကဏ္ဍတို့ ပူးပေါင်းပြီးတော့ လေဆိပ်မှာကြိုးစားမယ်။ လာမယ့်ဧည့်သည်တွေကို VOA (ဆိုက်ရောက် ဗီဇာ) ပေးဖို့ လာမယ့်အပတ်ထဲမှာ စလုပ်မယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဦးဆောင်မှာပါ”လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာစနစ်နဲ့ ဝင်ရောက်ခွင့်ပြုရာမှာ ဖြစ်တတ်တဲ့ အခက်အခဲတွေ သိရှိနိုင်ဖို့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေပါဝင်တဲ့ အဖွဲ့တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆိုက်ရောက်ဗီဇာစနစ်ကို စတင်ခွင့်ပြုဖို့ တစ်ပတ်လောက် စမ်းသပ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

play

 

အစိုးရလက်ထက်က ကမ္ဘာလှည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာစနစ် (VOA)နဲ့ နိုင်ငံပေါင်း တစ်ရာကျော်လောက်ကို ဝင်ရောက်ခွင့် ပြုခဲ့ပေမယ့် ခွင့်ပြုပြီး တစ်လအကြာမှာ ပြန်လည်ပိတ်သိမ်းခဲ့ပြီး လက်ရှိတွင် အွန်လိုင်း အီးဗီဇာ(E-visa ) စနစ်နဲ့ ခွင့်ပြုထားလို့ VOA စနစ်ကို မပေးတော့ဘူးလို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၂ ဒသမ ၉ သန်းကျော် ဝင်ရောက်ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေအပြင် ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အမေရိကန်၊ ဗြိတိန် စတဲ့ ဥရောပနိုင်ငံတွေကလည်း ဝင်ရောက်ခဲ့ပါတယ်။

Source : The Voice

Photos : MBT

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD