AD
AD
AD
play

 

အထွေထွေအကျဉ်းသားဟောင်းတွေကို အလုပ်အကိုင်ပေးဖို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ကမ်းလှမ်းထားတယ်လို့ အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ) ဥက္ကဋ္ဌ အင်းစိန်အောင်စိုးက ပြောလိုက်ပါတယ်။

‘‘နယ်ကလည်း လူတောင်း တယ်။ ရန်ကုန်မှာလည်း လူတောင်းတာရှိတယ်။ သူတို့ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပေါ့။ သူတို့လုပ်ငန်းကိုတော့ ဖွင့်မပြောနဲ့လို့ပြောတယ်။ ဖွင့်မပြောနဲ့ဆိုတာ ဘာလဲဆိုတော့ လုပ်ငန်းကို လုပ်မယ်ဆိုတာ ဖွင့်ပြောလိုက်ရင် တခြားလုပ်ငန်းတူတွေကနေပြီးတော့ ကြိုတင်ပြင်ဆင်မှာစိုးလို့ သူတို့လုပ်ငန်းတွေကို ဖွင့်မပြော ပါနဲ့လို့ပြောတယ်’’လို့ အင်းစိန်အောင်စိုးက ပြောပါတယ်။

အထွေအထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက် ရေး(မြန်မာ)က ၂၀၁၈ ဇန်နဝါရီ ၂ ရက်မှာ အင်းစိန်ထောင်မှာ လက်ကမ်းစာစောင်တွေ ဝေငှပြီး အလုပ်အကိုင်အခက်အခဲရှိတဲ့ ထောင်ထွက်တွေကို ကူညီမယ်လို့ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်တဲ့ အဆိုပါရုံးခန်းဖွင့်ပွဲမှာ အဖွဲ့ဥက္ကဋ္ဌ အင်းစိန်အောင်စိုးက ပြောပါတယ်။

play

 

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ အကျဉ်းသားဟောင်းတွေကို ကျန်းမာရေးစောင့် ရှောက်မှုပေးတာတွေ၊ အသက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးတာတွေနဲ့ ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတာတွေကို ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဝေငှသွားမယ့် လက်ကမ်း စာစောင်တွေမှာ ဆက်သွယ်ဖို့ ရုံးခန်းလိပ်စာနဲ့ ဖုန်းနံပါတ်တွေ ထည့်သွင်းပေးထားပြီး ဘ၀ကိုအမှန်တကယ် ပြုပြင်ပြောင်းလဲလိုတဲ့ အကျဉ်းသားဟောင်းတွေကို အကူအညီပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

အထွေထွေအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ)မှာ ဥက္ကဋ္ဌ အင်းစိန်အောင်စိုး၊ ဒုဥက္ကဋ္ဌ ဦးဝင်းနိုင်ထွေး၊ အတွင်းရေးမှူး ဒေါ်အိချယ်ရီအောင်နဲ့ အလုပ်အမှုဆောင် ကိုးဦးအပါအဝင် အဖွဲ့ဝင် ၃၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

Source : 7DayDaily

Photos : 7Day

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD