AD
AD
AD

ပထမဆုံးအကြိမ်အဖြစ်ကျင်းပမယ့် တရုတ်-မြန်မာ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲအတွက် လက်ရှိအချိန်ထိ မြန်မာဘက်မှ စာရင်းပေးသွင်းသူ ၃၇၂ ဦး ရှိတယ်လို့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနကနေ သိရပါတယ်။ဒီပြိုင်ပွဲဟာ တရုတ်မြန်မာနှစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံတကာက ကစားသမားတွေလည်း ပါဝင်မှာဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

ပြိုင်ပွဲအတွက် စာရင်းပေးသွင်းရမယ့် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၅ ရက်သတ်မှတ်ထားပြီး မြန်မာကစားသမားတွေကတော့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနကို ဒီဇင်ဘာ ၁၀ ရက်နောက်ဆုံးထား ပေးပို့ရမှာဖြစ်တယ်လို့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနိုင်က ပြောပါတယ်။ပြိုင်ပွဲတွေကို မာရသွန် (၂၆) မိုင်၊ မီနီမာရသွန် (၁၃) မိုင်၊ အပျော်ပြေး မာရသွန် (၅) မိုင် ဆိုပြီး ပြိုင်ပွဲအမျိုးအစား ၃ မျိုး ခွဲခြားထားပြီး ပြိုင်ပွဲဝင် လူဦးရေ ၅၀၀၀ သတ်မှတ်ထားပါတယ်။ ဆုကြေးငွေ ကတော့ အများဆုံး တရုတ်ယွမ် ၂၀၀၀၀၊ ၁၀၀၀၀၊ သတ်မှတ်ထားပြီး သတ်မှတ်ချိန်အတွင်း တန်းဝင်သူ အမျိုးသား၊ အမျိုးသမီး အယောက် ၅၀ ကို တရုတ်ယွမ် ၂၀၀၀၀ ကနေ ၅၀၀ အထိ ချီးမြှင့်မှာဖြစ်ပါတယ်။မာရသွန်ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျယ်ခေါင်မနောကွင်းကနေ စတင်တာထွက်မှာဖြစ်ပြီးမြန်မာဘက်ကို မူဆယ်မြို့ နန်းတော်ပေါက်မှ ၀င်ကာ မြန်မာနိုင်ငံအတွင်းမှာ ၄ ဒသမ ၂ ကီလိုမီတာပြေးပြီး ရွှေလီမြို့ နောင်မောင်းကန်ပန်းခြံမှာ ပန်းဝင်မှာဖြစ်ပါတယ်။ပြိုင်ပွဲအတွင် မြန်မာနိုင်ငံ အနှံအပြားမှ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေအတွက် နေထိုင်ရေးအတွက် မူဆယ်မြို့ ပြည်ထောင်စုအားကစားကွင်း ကစားသမားတည်းခိုဆောင်မှာ ထားရှိမှာဖြစ်ပြီး ပြေးခုန်ပစ်ကစားသမားအဖွဲ့ချုပ်မှ လက်ရွေးစင် ကစားသမား အယောက် ၂၀ နေထိုင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ စီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD