AD
AD
AD
play

 

၁၂၂  နှစ် သက်တမ်းရှိ အင်းစိန်ဂျီတီအိုင် (အစိုးရ စက်မှုလက်မှုသိပ္ပံ-အင်းစိန်) ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လည်ဖွင့် လှစ်ခဲ့ပြီး သုံးနှစ်သင်တန်းတွေ ဖွင့်လှစ် သင်ကြားသွားမယ်လို့ သိရပါတယ်။

၁၇ နှစ်ကြာပိတ်ထားတဲ့ အင်းစိန်ဂျီတီအိုင် အဆောက်အအုံကို ပညာရေးဝန်ကြီးဌာနက ပြန်လည်ပြုပြင်ပြီး သင်တန်းတွေ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ကာ လက်ရှိပညာသင်နှစ်မှာ ကျောင်းသား ၂၂၃ ဦးနဲ့ ကျောင်းသူ ၄၇ ဦး တက်ရောက်ခွင့်ရထားပါတယ်။

 ‘‘လျှောက်ထားသူဦးရေ ၂,၆၂၇ ဦးထဲမှ ကျောင်းတက်ဖို့ပြန် ရွေးချယ်ခံရတဲ့သူ ၂၇၀ ဦးရှိပါ တယ်။ စာစသင်နေပြီ။ ကျောင်းအ တွက် လိုအပ်တာတွေကိုလည်းအ ခု ဆက်တိုက်လုပ်နေတယ်’’လို့ အင်းစိန်ဂျီတီအိုင် ကျောင်းအုပ်ကြီး ဦးမြတ်ကိုက ပြောပါတယ်။

play

 

အခုဖွင့်လှစ်လိုက်တဲ့ အင်းစိန်ဂျီတီအိုင်မှာ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာဘာသာရပ် ငါးခုဖွင့်လှစ်မည်ဖြစ်ကာ သုံးနှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မယ့်အပြင် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီမယ်ဆိုရင် နည်းပညာတက္ကသိုလ်တတိယနှစ်ကို ပေါင်းကူးတက်ရောက်ခွင့်ပြုမယ်လို့ သိရပါတယ်။

အင်းစိန်ဂျီတီအိုင်ဝင်ခွင့်အတွက် တက္ကသိုလ်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်တွေ ပါဝင်တဲ့ ဘာသာတွဲဖြင့် အောင်မြင်သူတွေကို အောက်တိုဘာ ၁၉ ရက်ကနေ နိုဝင် ဘာ ၁၀ ရက်အထိ လျှောက်ထား ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ယင်းတို့အနက် အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ် နှစ်ခုပေါင်း ရမှတ်အမြင့်ဆုံးရသူတွေကို ဦးစားပေးလက်ခံခဲ့ပါတယ်။

Source & Photos : 7Day

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD