play

 

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက ၂၁၀၇ ခုနှစ်မှာ သိသိသာသာ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ခဲ့တဲ့ Myanmar Opium Survey 2017 အရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စုစုပေါင်းဘိန်းစိုက်ပျိုးမှုက ၂၀၁၅ ခုနှစ်မှာ ဟတ်တာ ၅၅၅၀၀ ကျော်ရှိခဲ့တာကနေ ၂၀၁၇ ခုနှစ်မှာ ၄၁၀၀၀ ဟတ်တာလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

(UNODC) က ထုတ်ပြန်ချက်အရ ရှမ်းနဲ့ကချင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း ဘိန်း ဟက်တာ ၄၁,၀၀၀ စိုက်ပျိုးခဲ့တယ်လို့ ခန့်မှန်းထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စိုက်ပျိုးထုတ်လုပ်မှု ၃၇ ရာခိုင်နှုန်းလျော့နည်းခဲ့ကာ ရှမ်းတောင်ပိုင်းမှာ ၂၉ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ သိရပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသွားပေမယ့် ဒေသတွင်း မူးယစ်ဆေးဝါးဈေးကွက်က ပြောင်းလဲသွားပြီး အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မက်သဖီသမင်းတို့ကဲ့သို့သော မူးယစ်ဆေးဝါးတွေကို ပြောင်းလဲသုံးစွဲလာကြတယ်လို့ UNODC ရဲ့ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ ဂျရီမီဒေါက်ဂလပ်စ်က ပြောပါတယ်။

play

 

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နေရး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုရှိတယ်လို့ ပြောကြားလိုက်ပြီး ဘိန်းထုတ်လုပ်စိုက်ပျိုးတဲ့ ဒေသတွေကို ကူညီထောက်ပံမှုတွေ ပိုမိုပေးအပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော် Kimpinski ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့  UNODC ၂၀၁၇  မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုစစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ အတွင်းက မြန်မာနိုင်ငံမှာ ဘိန်းစိုက်ခင်း ၃,၅၃၃ ဟက်တာကို ဖျက်ဆီးခဲ့ပြီး ၂၀၁၅ အတွင်း  ၁၃,၄၅၀ ဟက်တာ ဖျက်ဆီးခဲ့ပါတယ်။

Source : UNDOC

Photos : SoeZayar Tun (Reuters),bbc

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video