Local News: လျှပ်စစ်မီးလုံလုံလောက်လောက်မရလို့ လှိုင်သာယာစက်မှုဇုန်က စက်ရုံတချို့ရပ်နား

စက်ရုံဆယ်နဲ့ချီပြီး လုပ်ငန်းလည်ပတ်မှုတွေ ယာယီရပ်ဆိုင်းထားရပါတယ်။

play

 

လျှပ်စစ်မီးလုံလုံလောက်လောက် မရတော့တာကြောင့် လှိုင်သာယာစက်မှုဇုန်က စက်ရုံဆယ်နဲ့ချီပြီး လုပ်ငန်းလည်ပတ်မှုတွေ ယာယီ ရပ်ဆိုင်း လိုက်ရတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

“ဒါကတော့ အရင်တည်းက မီးအား မနိုင်ရင် ပိတ်လိုက်တာပဲ။ ဒါက စစ်အစိုးရလက်ထက်တည်းက အရှုံးပေါ်လာတာ နောက်ပိုင်းလည်းကျရော မခံနိုင်လို့ သုံးနှစ်လောက်ကြာရင် ပိတ်လိုက်ကြတယ်”လို့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ နာယက ဦးမြတ်သင်းအောင်က ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက စက်မှုဇုန်သုံး မီတာခကို တစ်ယူနစ် ကျပ် ၁၀ဝ နီးပါး ကောက်ခံပြီး မြန်မာနိုင်ငံမှာတော့ တစ်ယူနစ်ကို ကျပ် ၁၅၀ ကောက်ခံတဲ့အတွက် လျှပ်စစ်မီးကို ပုံမှန်လာစေချင်တယ်လို့ ဦးမြတ်သင်းအောင်က ပြောပါတယ်။

play

 

ထုတ်လုပ်မှု ရပ်လိုက်တဲ့ စက်ရုံတွေမှာ အရက်ချက်စက်ရုံ၊ နို့ထွက်ပစ္စည်းစက်ရုံတို့လို စက်ရုံတွေပါဝင်ပြီး ရပ်ဆိုင်းလိုက်တဲ့ စက်ရုံ ဆယ်ဂဏန်း ရှိတယ်လို့ သိရပါတယ်။

အခုပိတ်လိုက်ရတဲ့ စက်ရုံတွေက ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းကပဲ လျှပ်စစ်မီး လုံလုံလောက်လောက်စွာ မရရှိခဲ့လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး နောက်ဆုံးမှာ မခံနိုင်တော့လို့ ပိတ်လိုက်ကြတာဖြစ်ကာ ရန်ကုန်တိုင်းအတွင်း ဒီလိုအခြေခံ အဆောက်အဦ လိုအပ်ချက်တွေကြောင့် ပိတ်လိုက်ရတဲ့ စက်ရုံတွေရှိတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

လှိုင်သာယာမှာ စက်ရုံပေါင်းတစ်ထောင်ကျော်ရှိပြီး အဆိုပါစက်ရုံတွေလည်း အစိုးရဆီကနေ မီးပုံမှန်မရလို့ ဒီဇယ်မီးစက်မောင်းပြီး လုပ်ငန်းတွေ လည်ပတ်နေရတယ်လို့ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံကနေ သိရပါတယ်။

Source : The Voice

Photos : The Voice,

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ