AD
AD
AD
play

 

ဒုတိယတန်းကျောင်းသားရဲ့မျက်နှာကို လက်သည်းနဲ့ ကုတ်ခြစ်ပြီး အပြစ်ပေးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အလက (၄) မှ အလယ်တန်းပြ ဆရာမကို  စာသင်ကြားခွင့် ရပ်ဆိုင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးက ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကလေး မြို့နယ်ပညာရေးမှူး ဦးစန်းယုက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်က အဆိုပါ ကျောင်းသားရဲ့နေအိမ်မှာ ကျောင်းချိန်ပြင်ပစာသင်ကြားပေးရင်း စာမရလို့ ကျောင်းသားရဲ့ မျက်နှာကို ဆရာမက လက်သည်းနဲ့ ကုတ်ခြစ်အပြစ်ပေးမိတယ်လို့ မြို့နယ်ပညာရေးမှူးရုံးရဲ့ စုံစမ်းစစ်ဆေးချက်အရ သိရှိခဲ့ရတယ်လို့ အဆိုပါ ပညာရေးမှူးက ပြောပါတယ်။

‘‘ကလေးက စာနည်းနည်း ညံ့တော့ ကျောင်းချိန်ပြင်ပမှာ စာသင်ပေးဖို့ ဆရာမကို အကူအညီ တောင်းတာပေါ့။ စာသင်ရင်း ကလေးက စာမရတော့ ဆုံးမရင်း အဲဒီလိုဖြစ်သွားတာပေါ့။ ဖြစ်တဲ့ အချိန်မှာ ကလေးရဲ့ အဒေါ်တွေ လည်း ဘေးမှာရှိတော့ ဒါက ဆရာမက စေတနာနဲ့ လုပ်ပေးရင်းဖြစ်သွားတဲ့ အမြင်ပဲရှိတယ်။ ပြစ်တင် လိုစိတ်လည်းမရှိဘူးဆိုတော့ လောလောဆယ်တော့ စာသင်ကြားခွင့်ရပ်ဆိုင်းပြီး နောက်နောင် မလုပ်ဖို့ ပြောထားတယ်။ မိဘ တွေကိုလည်း တောင်းပန်ခိုင်း ထားတယ်’’လို့  ဦးစန်းယုက ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေကို သွန်သင်ဆုံးမရာမှာ ကာယိနြေ္ဒပျက်ပြားစေမယ့် အပြုအမူတွေ မပြုလုပ်ဖို့နဲ့  မည်သည့်အရာနှင့်မှ ရိုက် နှက်ခြင်းမပြုဖို့ အခြေခံပညာဦး စီးဌာနက ဆရာ၊ ဆရာမတွေကို စက်တင်ဘာ ၂၄ ရက်မှာ ညွှန် ကြားချက်ထုတ်ပြန် အသိပေးထားပါတယ်။

Source & Photo : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD