AD
AD
AD
play
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ။

 

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအားလုံး လာမယ့်နှစ် မတ်လအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး အပြီး ဆောင်ရွက်ပေးဖို့ နှစ်နိုင်ငံသဘောတူညီမှုရရှိထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထား စာရွက်စာတမ်း မရှိသောသူ၊ ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားပြီး သက်တမ်းကုန်နေတဲ့ သူနဲ့ MoU စာချုပ်နဲ့လာပြီး အလုပ်ရှင်နဲ့ အလုပ်လွဲမှားနေသောသူ စတဲ့ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားသုံးမျိုးရှိပြီး သူတို့အားလုံးကို တရားဝင်အလုပ်လုပ်လို့ရအောင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက်က ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အထက်ပါအတိုင်းသဘောတူညီမှု ရရှိတာလို့ ဦးမျိုးမြင့်သန်းက ပြောပါတယ်။

play
ထိုင်းနိုင်ငံရောက် အလုပ်သမား ကူညီစောင့်ရှောက်းရေးအဖွဲ့AAC ကူညီမှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်မည့် မြန်မာလုပ်သားများ။

 

ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်မှာ တရားမဝင် ပြည်ပအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ကာ တရားမဝင်နေထိုင် တဲ့ မြန်မာလုပ်သားတွေ အပါအဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးခဲ့ရာ ဝေဖန်မှုတွေများခဲ့လို့ ရက် ၁၂၀ ဆိုင်းငံ့ခဲ့ပါတယ်။ 

လက်ရှိစာရင်းများအရ ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် ကိုင်ဆောင်သူ လုပ်သားလေးသိန်းခန့်နဲ့ ယာယီပတ်စ်ပို့ကိုင် ဆောင်သူ လုပ်သားလေးသိန်းခန့် စုစုပေါင်းခုနစ်သိန်းခန့်ကို  CI လက်မှတ်တွေ ပြုလုပ်ပေးထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

Source : 7DayDaily

Photos : Ye Min( AAC ),Reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD