AD
AD
AD
play

 

ကော်မရှင်ခွင့်ပြုချက်မရဘဲ ရှယ်ယာရောင်းခဲ့တဲ့ သင့်မြတ်အများနှင့်သက်ဆိုင်သောကုမ္ပဏီကို ချေးငွေသက်သေခံလက်မှတ်လုပ် ငန်းဆိုင်ရာ ဥပဒေနဲ့ ထပ်မံအရေးယူဖို့ စီစဉ်နေတယ်လို့ ချေးငွေ သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောပါတယ်။

အဆိုပါကုမ္ပဏီက ဗဟိုဘဏ်ခွင့်ပြုချက်မရဘဲ အပ်ငွေလက်ခံတာက ငွေရေးကြေးရေးဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး အများပိုင် အမည်နဲ့ ရှယ်ယာရောင်းချခဲ့လို့ ကော်မရှင်က အရေးယူမယ်လို့ ဆိုပါတယ်။

‘‘အများပိုင်ကုမ္ပဏီလိုပြော ထားတယ်။ ဒါကြောင့် ကော်မရှင် ခွင့်ပြုချက်မရရင် ရှယ်ယာရောင်း ခွင့်မရှိဘူး"လို့ ဦးဌေးချွန်က ပြောပါတယ်။

Jude Jude Family၊ သင့်မြတ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ပိုင်ရှင်အမျိုးသမီးက အစုရှယ်ယာထည့်ဝင် ထားသူတွေ ဆီကနေ ကျပ်သိန်းပေါင်း ရှစ်သောင်းခန့်လိမ်လည်ပြီး တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

play
ဆီဒိုးနားဟိုတယ်ရှိ Jude Jude Family၊ သင့်မြတ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ရုံးခန်းရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် ရှယ်ယာရှင်များ။

 

အဆိုပါ ကုမ္ပဏီကို ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးက ဦးဆောင်ခဲ့ပြီး အစုအစပ်လုပ်ငန်း လုပ်ကိုင်မယ်ဆိုကာ အမြတ်ရာခိုင်နှုန်းများစွာပေးပြီး ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် ရှယ်ယာဝင်တွေကို ဖိတ်ခေါ်လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီနဲ့ မြန်မာအက်ဂရို အိတ်ချိန်းကုမ္ပဏီနှစ်ခုပဲ ကော်မရှင်သို့ အလားအလာညွှန်းတမ်း တင်ပြထားတာကြောင့် အဆိုပါကုမ္ပဏီနှစ်ခုသာ ရှယ်ယာရောင်းချခွင့်ရှိတယ်လို့ ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ပြောပါတယ်။

ချေးငွေ သက်သေခံလက်မှတ်တွေ လဲလှယ်ရောင်းဝယ်ရေး ဥပဒေအရ ကော်မရှင်၏ ခွင့်ပြုချက်မရဘဲ အများပြည်သူသို့ ရှယ်ယာရောင်းချတာတွေနဲ့ ရောင်းချဖို့ အားပေးလှုံ့ဆော်ရင် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ချမှတ်နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD