AD
AD
AD
play
ပြင်ဦးလွင်ဆောင်းမနက်ခင်း မြင်ကွင်း။

 

အာရှတိုက် အရှေ့မြောက်ပိုင်းဒေသတွေကို အအေးလှိုင်းဖြတ်တဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်ကနေ ၁၄ ရက်အတွင်း အအေးပိုလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

‘‘အအေးလှိုင်းက အာရှဒေသကို ရောက်မှာဆိုတော့ မြန်မာမှာ လည်း အနည်းငယ်ပိုအေးလာနိုင်တယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

အာရှအရှေ့မြောက်ပိုင်း ရုရှား၊ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ဒီဇင်ဘာ ၉ ရက်ကနေ ၁၄ ရက်အတွင်း ၀င်ရိုးစွန်းလေအေးတွေ တိုးဝင်မှုကြောင့် အအေးလှိုင်းကျရောက်နိုင်ပြီး မြန်မာနိုင်ငံတွင် ပုံမှန်ထက် အနည်းငယ်ပိုအေးလာနိုင်တယ်လို့ ဆိုပါတယ်။

play
ပြင်ဦးလွင်ဆောင်းမနက်ခင်း မြင်ကွင်း။

 

ရုရှားနိုင်ငံအရှေ့ပိုင်း၊ တ​ရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသတို့မှာ ရေခဲ မှတ်အောက် ရောက်တဲံအထိ အေးနိုင်ပြီး ဆီးနှင်းတွေထူထပ်စွာ ကျဆင်းနိုင်တယ်လို့ နိုင်ငံတကာ မိုးလေ၀သဌာနတွေကို ကိုးကားပြီး ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်က အိန္ဒိယနိုင်ငံကမ်းခြေဘက်ကို ရွေ့လျားနေပေမယ့် မြန်မာနိုင်ငံဒေသအများစုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်နဲ့ မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

Source : 7DayDaily

Photos :  ပြင်ဦးလွင်သတင်းစုံ

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD