play

 

ရန်ကုန်လိုင်စင်တက္ကစီတွေကို စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်တာကို ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား သတ်မှတ်ခဲ့ပေမယ့် ယာဉ်စီးရေ များပြားလာလို့ လာမယ့်နှစ် ဇန်နဝါရီလအထိ တစ်လထပ်တိုး သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

“ဒီနေ့မှ တိုကင်သွားယူဖြစ်တယ်။ တိုကင်နံပါတ်က ဇန်နဝါရီလ ၆ ရက်မှ မှတ်ပုံတင်ရမယ်”လို့ ဒီဇင်ဘာလ ၇ ရက်က စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ဖို့ တိုကင်ယူခဲ့တဲ့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိ အငှားတက္ကစီယာဉ်တွေကို စီးတီးတက္ကစီအဖြစ် မှတ်ပုံမတင်ရသေးတဲ့ ယာဉ်စီးရေ အများအပြားကို တွေ့မြင်နေရပြီး သတ်မှတ် ကာလအတွင်း မှတ်ပုံမတင်နိုင်ရင် အရေးယူမယ်ဆိုတာကို တိုင်းအစိုးရအဖွဲ့အနေနဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်တာမရှိသေးတာကြောင့် စိတ်ပျက်မိတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

play

 

ရန်ကုန်တိုင်းအတွင်း အငှားတက္ကစီတွေ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ထားခြင်းမရှိပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ ကျပ်သုံးသောင်းထက် မပိုသော ဒဏ်ငွေ ချမှတ်နိုင်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး ဒုရဲမှူး ဝင်းလွင်က ပြောပါတယ်။

အငှားတက္ကစီတွေအနေနဲ့ စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်၊ သက်တမ်းတိုးတာတွေကို တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ YRTA ရုံးချုပ်နဲ့ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း အိမ်ရာ၊ ဗဟိုလမ်းရှိ YRTA ရုံးမှာ ဆောင်ရွက်နိုင်ပြီး မှတ်ပုံတင်ဖို့ တစ်ရက် တိုကင်ပေးထားတဲ့ အရေအတွက်က ၂၀ဝ ကနေ ၃၀ဝ ကြားရှိတယ်လို့ သိရပါတယ်။

Source : The Voice

Photos : MBT

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video